Part-10

990 33 0
                                    

#Unicode

"မင်းကို ငါ​တောင်းပန်ပါတယ်"

တကယ် တိုးညှင်းလှတဲ့အသံ​လေးနဲ့ ​တောင်းပန်ပါတယ်လို့​ပြောလာသည့်သူ့ပုံစံ​က မ၀ံ့မရဲ။
ကျွန်​တော့်မှာ နားကြားများမှားသလားလို့ အံ့အားသင့်ရသည်။
ဘာမှပြန်မ​ပြောတဲ့ကျွန်​တော့်ကို သူက​မော့ကြည့်လာသည်။

"မင်းငါ​ပြောတာကြားလား... "

ကျွန်​တော် ကြားမှကြားလိုက်ရဲ့လားဆိုသည့်ပုံစံနှင့် မျက်ခုံးနှစ်ဖက်တွန့်​ကွေးကာ စိုက်ကြည့်​​​နေ​တော့
ကျွန်​တော့်မှာ အမြန်ပြန်​ဖြေရသည်။မဟုတ်ရင်
အဆင်​ပြေကာနီးမှ ထပ်စိတ်​ဆိုးသွားလျှင်
မ​ကောင်းဘူး​လေ။

"အွန်း ငါကြားပါတယ် နည်းနည်းအံ့သြသွားလို့
မင်းက ​တောင်းပန်စကား​ပြောလာ​တော့..."

" အဟမ်း..ငါ..ငါခုချိန်ထိ ဘယ်သူ့မှ​တောင်းပန်စကားမ​ပြောဖူးဘူး"
သူ့ အ​နေနဲ့ ထိုသို့​ပြောရသည်မှာ အ​နေခက်​ရသည်ထင် လက်တစ်ဖက်နဲ့ လည်ပင်းကို ပွတ်​နေသည်။

"ငါလည်း ​တောင်းပန်တယ်​နော် ...ငါ ဖြဲလိုက်တုန်းက တကယ် အိမ်စာ စာအုပ်မှန်း မသိခဲ့တာပါ
မင်းယုံပါ့မလားမသိ​ပေမယ့် ငါအမှန်​ပြောတာပါ..."

"အွန်း ငါယုံပါတယ်"
သူကျွန်​တော့်ကိုပြုံးပြကာ ဆိုလာသည်။

ဒီလိုနဲ့ကျွန်​တော်တို့ရဲ့ ရန်ပွဲ​လေးက အဆုံးသတ်သွား​တော့သည်။

အဆိုး​တွေနဲ့စတင်ခဲ့တဲ့အရာ​တွေဟာ
အမြဲတမ်း မ​ကောင်းတာ​တွေပဲဖြစ်​နေလိမ့်မယ်လို့
မင်းတို့ထင်သလား ....
ကျွန်​တော်က​တော့
အဆိုး​တွေဟာ လှပတဲ့အရာ​တွေဖြစ်တည်ဖို့
ပံ့ပိုးထားတဲ့ ​နောက်ခံ​ဆေး​ရောင်​တွေလို့ပဲ
ခံစားနားလည်ထားတယ်.....

" ​ဟျောင့် ​နှောင်းရိပ် မင်းမ​နေ့ကငှားသွားတဲ့ငါ့သင်္ချာ မှတ်စု ပြန်​ပေးအုံး"
လို့ ​ပြောရင်း ကျွန်​တော့်တို့နား ​လျှောက်လာ​သော ​ဒီ​ခေတ်။

"​အော်​ အေး ငါ​ထမင်းစားပြီးရင် လာ​ပေး​တော့မလို့ "

လို့ ပြောကာ ခုံ​ပေါ်ကစာအုပ်ကို လှမ်း​ပေးလိုက်သည်။
သူကကျွန်​တော့်လက်ထဲကစာအုပ်ကိုယူပြီး
သော်တာယံ့ ​ဘေးခုံမှာ၀င်ထိုင်ကာ သော်တာယံနဲ့ ဂိမ်း
အ​ကြောင်း​ပြော​​နေရင်း ထမင်းချိုင့်ပြန်သိမ်း​နေတဲ့ ကျွန်​တော့်ကိုလှမ်းကြည့်လာကာ

ချည်မိ​နှောင်ကြိုး တည်တံ့​စေ(ချည်မိနှောင်ကြိုးတည်တံ့စေ)Where stories live. Discover now