Part -1

3.2K 83 2
                                    

#Unicode

မန္တ​လေး​​​ အပူပိုင်းဒေသဖြစ်​ပေမယ့် ​ဆောင်းရာသီဆိုရင် အ​​အေးကဲ​ကြောင်း ရှေးစာဆိုအချုပ်တန်းဆရာဖေက "မန်းတုန်​အောင် လမ်းဆုံက ဟစ်ချင်​တော့လို့"​​တောင်ဖွဲ့ထားခဲ့​ပေမယ့် အခုနှစ်ပိုင်း​​ဆောင်းရာသီမှာ​တော့ အ​နွေးထည်ဆို ဆွယ်တာပါး​​လေးတစ်ထည်​လောက်နဲ့ အ​နွေးဓါတ်လုံ​လောက်​နေတယ်။

ကမ္ဘာ့စက်မှုလက်မှုဖွံ့ဖြိုးလာတာနဲ့အညီ မန္တ​လေးမှာလည်း ယာဥ်​တွေ ဥဒဟို သွားလာ​နေကြတယ်။
အဲ့ဒီကအ​ငွေ့​တွေ​ကြောင့်ပဲ မန်း​လေးကြီး ပိုပူလာတယ်ဆိုရမလား ။

မနက်၅နာရီ မြူ​တွေလွှမ်းခြုံဆဲ ​ငွေ​ရောင်မြူနှင်းထုကြီးကအလှခြယ်မှုန်းထားဆဲ​ကောင်းကင်ပြင်နှင့်အပြိုင် ကျွန်​တော့် ​ဆောင်းမနက်ခင်း​လေးမှာ ကျုံး​ရေပြင်ကိုခြံရံပြီး အ​ပြေး​လေ့ကျင့်ဖို့ အိမ်က​နေ စက်ဘီး​လေးစီးပြီး ထွက်လာခဲ့လိုက်တယ်။
လမ်း​ပေါ်မှာလည်း မနက်ခင်းအားကစားလုပ်ဖို့သွားလာ​နေသူများ ဟိုတစ်စုသည်တစ်စုနဲ့ စည်ကားသက်၀င်​နေတယ်။
၁၅မိနစ်​​လောက်စက်ဘီးနင်းပြီးတာနဲ့ အ​​​ရှေ့ဘက်မုဂ်တံတားထိပ်​ရောက်​တော့ စက်ဘီး​လေးကို ​ဘေးကပ်ရပ် ​သော့​သေချာခတ်ပြီး ကျုံးပတ်​ပြေးတဲ့လုပ်ငန်းစလိုက်​တော့တယ် ။

၂ပတ်​​မြောက်ပြေးပြီးတာနဲ့ ​မောလာ၍ စက်ဘီးနားပြန်လာကာပလက်​ဖောင်း​ပေါ်ခဏနား​နေတုန်း ကျွန်​တော်နှင့်မလှမ်းမကမ်းတွင် က​လေးတစ်​ယောက်​​ခွေး​​လေးဆွဲကာ​ပြေးလာတုန်း လွတ်ထွက်သွားတာကို ​တွေ့လိုက်ရသည်။

"Chop မ​ပြေးနဲ့​လေ Chop "

က​​လေး​လေးက ​နောက်က​နေ တဆာဆာ ​ခေါ်ရင်းလွတ်သွားတဲ့​ခွေး​လေး​နောက်က​​နေ ​ပြေးလိုက်​နေသည်။
ကျွန်​​တော်လည်း မ​နေသာ​တော့ဘဲ ​ခွေး​လေး​နောက်လိုက်ကာ ဖမ်း​ပေးလိုက်သည်။ ​​ပြီး​တော့ ရပ်​နေတဲ့က​လေးအနားသွားကာ ခွေးလည်ပတ်က ကြိုးစရှည်​လေးကို လက်ထဲ​သေချာထည့်​ပေးလိုက်​တော့

"​ကျေးဇူးတင်ပါတယ် ဦးဦး"

လို့ က​လေးက ​ပြော​လာ​တော့ ကျွန်​တော်လည်း လိမ္မာလိုက်တာလို့​တွေးမိပြီး က​လေး​ရဲ့ ဆံပင်အုပ်အုပ်​လေး​တွေကို ဆွဲဖွကာ ပြန်​ပြောလိုက်သည်။

ချည်မိ​နှောင်ကြိုး တည်တံ့​စေ(ချည်မိနှောင်ကြိုးတည်တံ့စေ)Where stories live. Discover now