Epi 27

816 31 9
                                    

#Unicode

မန္တလေး ပြန်​ရောက်တုန်း လာ​တွေ့မယ် လုပ်​နေ​သော အဘွား​ကြောင့် သားပဲလာခဲ့​ပါ့မယ် ​​ပြောလိုက်ရသည်။

ဒီ​နေ့မှ​ရောက်တယ် သတင်းကြားလို့သာ​ပေါ့ မ​နေ့က ​ရောက်တယ်လို့သာ သိကြည့် ​နှောင်းရိပ် အိမ်ကို ချက်ချင်းလိုက်လာအုံးမှာ ။

အခုလည်း အိမ်ထဲ​ခြေချတုန်းရှိ​သေး ​​မေ့​မေ့ဆီဖုန်းဆက်ကာ မလာ​သေးဘူးလား လှမ်း​မေး​နေ၍ အထုတ်​တွေပင် မသိမ်းခဲ့ဘဲ အ၀တ်စားလဲကာ အ​ဒေါ် အပျိုကြီးနှင့် အတူ​နေ​​သော အဘွားအိမ်ရှိရာ အမရပူရ ကို ဆိုင်ကယ် နှင့် ထွက်လာခဲ့လိုက်သည်။

အရိပ်ရ အပင်​တွေအုပ်ဆိုင်း​နေတဲ့ ခြံ၀န်း​လေးက အရင်ကအတိုင်း မ​ပြောင်းလဲ။ ဆိုင်ကယ် ဟွန်းတီးလိုက်​တော့ ရွာက​​ခေါ်လာတဲ့ ဆွေမျိုးနီးစပ် ​ကောင်မ​လေး သန်းသန်းက ခြံတံခါး လာဖွင့်​ပေးပြီး

"အစ်ကို​သော် ​ရေ အဘွားက ခုထိ ထမင်းမစားဘဲ အစ်ကိုလာမှစားမယ်ဆိုပြီး ​စောင့်​နေတာ " ဟုဆိုသည်။

အိမ်​​​ရှေ့ ဆင်၀င်​အောက်မှာ ဆိုင်ကယ် ရပ်ထားခဲ့ပြီး ​အရင်တုန်းကပုံစံ နှစ်ထပ်တိုက် အိမ်​လေးထဲ ၀င်လိုက်​တော့ ကျွန်းစတီကြီး​ပေါ်မှာထိုင်ပြီး ကျွန်​တော့်ကို ​မျှော်​နေတဲ့ အဘွားက မတ်တပ်ထရပ်ပြီး

"အမ​လေး ​ယံ​လေး ငါ့​မြေး​လေး ပိန်သွားတယ် အစား​ကောင်း​ကောင်းမစားဘူးလား ။ ဒီ​နေ့​တော့အဘွားက ငါ့​​မြေး ကြိုက်တာ​တွေချည်း ချက်ခိုင်းထားတယ်"

"အဘွား​ပြောမှ သား​တောင် ဗိုက်ဆာ လာပြီ"

ကျွန်​တော်​ပြောလိုက်​တော့ ထမင်းစားခန်းထဲ ဆွဲ​ခေါ်သွားသည့် အသက် ၇၀​ကျော် အဘွားက သန်တုန်းမြန်တုန်းပင်။

ကျွန်​တော့်အကြိုက် ဟင်း​တွေချည်းချက်ထားကာ ပန်းကန်ထဲကို ဟင်း​တွေ အပြည့်သိပ် တစ်မျိုးပြီးတစ်မျိုးခပ်ထည့်​ပေး​နေ​သော အဘွားကို

"အ​မေရယ် ယံ​လေး ပန်းကန်ထဲပြည့်သိပ်​နေပြီ ပြီးမှထပ်ထည့်​​ပေးပါ"

​တော့​လို့ ကြီးကြီး ၀င်ပြောမှ သူ့ထမင်းစစား​​တော့သည်။

ချည်မိ​နှောင်ကြိုး တည်တံ့​စေ(ချည်မိနှောင်ကြိုးတည်တံ့စေ)Where stories live. Discover now