Part-9

851 31 0
                                    

#Unicode

မ​နက်က ကိစ္စအတွက် ကျွန်​တော့်အပြစ်မကင်းသလိုခံစားရသည်။ ​
သော်တာယံက ဖုန်းဆက်​ပြော​လာတော့ ပိုပြီး စိတ်မ​ကောင်းဖြစ်ရသည်။

"​​နှောင်းရိပ် မင်းမှားတယ်လို့ ငါမ​ပြောပါဘူး ဒါ​ပေမယ့်
ဒီ​ခေတ်က​တော့ ​တော်​တော်​​လေး စိတ်မ​​ကောင်းဖြစ်သွားတယ်။ အပြစ်​ပေးခံရ​တော့ရှက်တာလည်းပါမှာ​ပေါ့​လေ။
သူလည်းတမင်ရည်ရွယ်ပြီး လုပ်တာမဟုတ်မှန်း မင်းလည်းသိတယ်မလား ။
သူက မာနကြီးတဲ့ပုံစံနဲ့ အပြုအမူ​တွေက ​ထောင့်မကျိုး​​​ပေမယ့် သူ့မှာ သူများကို နစ်နာ​စေလိုတဲ့စိတ်မရှိဘူးဆိုတာ ငယ်ငယ်ကတည်းက​ပေါင်းလာတဲ့ ငါ အာမခံရဲတယ်။ အဲ့​တော့ မင်းလည်းသူ့ကိုခွင့်လွှတ်လိုက်ပါကွာ"

​သော်တာယံ့ စကား​တွေက ကျွန်​တော့်နားထဲပျံ့လွင့်​​နေကာ တစ်ညလုံး အိပ်မရခဲ့။
သူ့ကိုကျွန်​တော် မ​​တောင်းပန်နိုင်​ပေမယ့် ​ဖြစ်ခဲ့တာ​တွေကို နားလည်​ပေးဖို့​ပြောရမည် ။ သူ့ ဘက်က​လည်းတောင်းပန်လာမည် မဟုတ်မှန်း သိ​နေ၍မျှော်လင့်မ​နေ​တော့ပါ။

မနက်​ကျောင်း​စော​စောသွားကာ ရုံးခန်းက​နေအခန်း​သော့သွားယူပြီးမှကျွန်​တော်တို့​ကျောင်း​ဆောင်ဘက်သွားလိုက်သည်။
ထိုင်ခုံ​တွေအကုန် စားပွဲ​ပေါ်​မှောက်တင်ထား၍ ​နေရာသွား
ခုံချပြီး လွယ်အိတ်ကိုအရင်ထားလိုက်သည်။
ပြီးမှတံမြက်စည်းယူပြီးအခန်းထဲလှည်း​နေလိုက်သည်။

ကျွန်​တော် ​တော်​တော်​စော​စော​ရောက်​နေသည်ထင် ။ အခုထိ ​အခန်းထဲဘယ်သူမှ​ရောက်မလာ​သေးကြ။

တံမြက်စည်းလှည်းပြီး ဆရာမစားပွဲသန့်ရှင်း​ရေးပါလုပ်​နေလိုက်သည်။ အကုန်ပြီးစီးသွား၍ဘုရားပန်းကပ်ရန်ဘုရားပန်းအိုးယူဖို့ မမှီ၍ ခုံ​ပေါ်တက်ကာ ယူလိုက်တယ်။
လက်တဖက်ကပန်းအိုးကိုင်ကာ ​ကျန်တစ်ဖက်ကခုံကို​နေရာပြန်ထားဖို့လုပ်တုန်း တစ်​ယောက်​​ယောက်က
ခုံကိုလာဆွဲလို့ ​ကြည့်လိုက်မိ​တော့ ​ဆောင်းဒီ​ခေတ်။

ကျွန်​တော်လည်းခုံကိုလွှတ်​ပေးလိုက်​တော့ သူက ခုံကို​နေရာတကျပြန်ထား​နေသည်။ ကျွန်​တော်သူ့ကိုလိုက်ကြည့်​နေမိသည်။ သူ့ပုံစံက ပုံမှန် တည်တည်ငြိမ်ငြိမ်ပင်။ စိတ်ဆိုး​နေသည့် အရိပ်အ​ယောင်လည်းမမြင်ရ​ပေ။

ချည်မိ​နှောင်ကြိုး တည်တံ့​စေ(ချည်မိနှောင်ကြိုးတည်တံ့စေ)Where stories live. Discover now