Epi-26

800 32 4
                                    

#Unicode

သီချင်းသံ​တွေနဲ့ စည်းချက်ကျ ယိမ်းခါ က ​နေတဲ့ ​​မီး​ရောင်စုံ ​ရေပန်း​တွေရဲ့ အသံ​ ။ ​ဘေးက ဖြတ်သန်းသွားလာ​နေတဲ့ လူ​တွေရဲ့ အသံ​တွေ အားလုံး ​ပျောက်ကွယ်ကာ ကျွန်​တော့် နှလုံးသားအသံသာ ပဲ့တင်ထပ် ခဲ့ရတဲ့ ညတစ်ည။

"မင်းကို ချစ်တယ် ​နှောင်းရိပ် ..
မင်းကို ချစ်...တယ်..."

ကိုယ့်ကိုနူးညံ့စွာ ပြုံးကြည့်ရင်း ချစ်စကားတို့ ခွန်းသီ​နေတဲ့ သူ့ပုံရိပ်ဟာ ကိုယ်လက်လှမ်းလိုက်ချိန်မှာ ​မြင်လွှာအတိ မြူ​တွေ အုပ်ဆိုင်း​ဝေဝါး​လာပြီး အ​​ဝေးကို တဖြည်းဖြည်း ထွက်ခွာသွား​လေတယ်။

"ဒီ​ခေတ် ဒီ​ခေတ်... မ သွား ပါ နဲ့ ...."

​ပျောက်ကွယ်သွားတဲ့ ပုံရိပ်​လေး​နောက်ကို အရူးလို​​ပြေးလိုက်​နေရတဲ့ ကိုယ့်ပုံစံဟာ စိတ်လွတ်​နေတဲ့သူတစ်​ယောက်လို....
​ဘယ်အရာမှ မမြင်ရ​လောက်​အောင် မြူ​တွေအုပ်ဆိုင်း​နေတဲ့ အ​မှောင်ထုအလယ် မျက်ရည်​တွေသာ အ​ဖော်ပြုပြီး ချစ်ရသူ ရဲ့နာမည်ကို တ​ကြော်​ကြော် ​အော်​ခေါ်ရင်း ​ပြေးလွှား​နေမိသူ​လေးဟာ ပုံရိပ်​လေးကို ရှာ​ဖွေ​တွေ့ ရှိသွားခဲ့တယ်။

ပုံရိပ်​လေးကိုမြင်​တော့ ၀မ်းသားအားရ ​ပြေးကာ​ထွေး​ပွေ့ဖို့ လှမ်းမိ​တော့ မြင်လိုက်ရတာက ပုံရိပ်​လေး​နောက်က အကာကွယ်မဲ့တဲ့ ​ချောက်ကမ်းပါးတစ်ခု။

"​ခေတ် ..​​နောက်မှာ ​ချောက်ကြီးနဲ့ ငါ့ဆီပြန်လာခဲ့ပါ.."

အသံကုန်ဟစ်ကာ ​အော်​ခေါ်​နေ​ပေမယ့် ပုံရိပ်​လေးက​တော့ ကြားဟန်မတူ။
ပုံရိပ်​လေးအနား ​ခြေလှမ်းတို့ ​ရှေ့ဆက်လှမ်း​နေ​ပေမယ့် မ​ရောက်နိုင်​လောက်​အောင် ​တုံ့​နှေးလို့ ​နေပြန်​တယ်။
ပြုံးပြကာ ​နောက်ဆုတ်လိုက်တဲ့ ပုံရိပ်​လေး​ကြောင့်
သူ့နှလုံးသားတို့ အစိမ်းလိုက် ဆွဲထုတ်ခံလိုက်ရသလို နာကျင်မှုက ​ဖော်မပြတတ်​အောင်ပင်။

အသက်ရှူ​တွေကြပ်လာကာ ​ချွေး​စေး​တွေနဲ့ ချစ်ရသူ နာမည်သာ ​အော်​ခေါ်ရင်း အတင်းရုန်းကန်မိ​တော့
မြင်လိုက်ရတဲ့ မျက်နှာကျက်နဲ့ ညအိပ်မီးပြာလဲ့လဲ့​ကြောင့် အိပ်မက်ဆိုးတစ်ခု က လွန်​မြောက်ခဲ့ရပြန်​ပေါ့။

ချည်မိ​နှောင်ကြိုး တည်တံ့​စေ(ချည်မိနှောင်ကြိုးတည်တံ့စေ)Unde poveștirile trăiesc. Descoperă acum