#Unicode
ညစာစားပြီး လုပ်စရာအလုပ်များ ရှိ၍ အခန်းသို့သာပြန်လာခဲ့လိုက်သည်။
မေမေနဲ့ ရတီကတော့ Tvကလာတဲ့ ကိုရီးယား ဇာတ်လမ်းတွဲကြည့်ရန်ဧည့်ခန်းမှာစကားပြောရင်းကျန်ခဲ့သည်။
အောက်ထပ်ကနေ ဆူညံသံများကြား၍ ဘာများဖြစ်ပါလိမ့်ဆိုပြီး လက်တော့ပ်ကိုပိတ်ကာ အောင်ထပ်ပြေးဆင်းမိသည်။
လှေကားဆင်းနေတုန်း ရတီ့ရဲ့ ငိုသံပါ ကြားလိုက်ရတော့ ဧည့်ခန်းသို့ အပြေးသွားကြည့်လိုက်တော့ ကြမ်းပြင်ပေါ်တွင်ထိုင်ချကာ ငိုနေသောရတီ့ကို မေမေက ဖက်ထားပေးနေသည်။"ရတီ ဘာဖြစ်တာလဲ ...
မေမေ ဘယ်ဖြစ်ကြတာလဲ"ကျွန်တော်သူတို့နားကိုသွားကာမေးလိုက်တော့
ရတီက ကြမ်းပြင်ပေါ်ကနေ ထရပ်ကာ မျက်ရည်တို့ကိုခပ်ကြမ်းကြမ်းဆွဲသုတ်ရင်း
"နှောင်းရိပ် ငါရန်ကုန်ပြန်မှဖြစ်မယ် မေမေ မူးလဲပြီးသတိလစ်သွားတယ်တဲ့ ခုဆေးရုံမှာသတိရမလာသေးဘူး စိုးရိမ်ရတယ်တဲ့ "
သူမ တုန်လှုပ်ခြောက်ခြားစွာ တုန်ရီနေသော်လည်း ထိန်းချုပ်ထားပုံပင်။
"ဟုတ်ပြီ ငါခု ကားဂိတ်လှမ်းဆက်သွယ်ပြီး ညတွင်းချင်းထွက်မယ့်ကား စီစဥ်ပေးမယ် နင်ပစ္စည်းတွေသွားသိမ်းထားလိုက်"
ကျွန်တော်လည်း အခန်းထဲဖုန်းပြန်သွားယူပြီး ကားဂိတ်ကို ဆက်ကာ ညတွင်းချင်း ထွက်မယ့်ကားတွင် ခုံ ရ မရ လှမ်းမေးရသည်။
တော်သေးသည် အစက ခုံမကျန်တော့ဆို၍ ရ သလို
စီစဥ်ပေးရန်ပြောနေတုန်း ခရီးသည်တစ်ယောက်က
မလိုက်ဖြစ်တော့၍ အဆင်ပြေသွားသည်။သူမဘယ်လောက်ထိ ထိတ်လန့်ကာ စိုးရိမ်ပူပန်နေမလဲ ကိုယ်ချင်းစားမိပါသည်။
မနှစ်က ဖေဖေဆုံးတော့ သူကိုယ်တိုင် အလုပ်ကိစ္စနှင့် နယ်ရောက်နေချိန်ဖြစ်သည်။
ဖေဖေရဲ့ နောက်ဆုံးချိန်လေးမှာ သားတစ်ယောက်အနေနဲ့ အနားမှာရှိမနေပေးနိုင်ခဲ့တာ နောင်တ ရမိသည်။ရတီကluggage ဆွဲကာဆင်းလာရင်း
ကား အဆင်ပြေရဲ့လားမေးလာသည်။
YOU ARE READING
ချည်မိနှောင်ကြိုး တည်တံ့စေ(ခ်ည္မိေႏွာင္ကျိဳးတည္တံ့ေစ)