Epi-14

762 29 0
                                    

#Unicode

*တံတားဦး အပြည်ပြည်ဆိုင်ရာ​လေဆိပ် *
မနက်၈နာရီဆိုက်​ရောက်မယ့်​​လေယာဥ်အတွက် မနက်၇နာရီကတည်းက ​​မေ​​မေရဲ့ ​​ဆော်သြမှု​ကြောင့်လေဆိပ်မှာလာ​ထိုင်စောင့်​နေရသည်။

မ​နေ့ညက ဘုရားမှာ​တွေ့ခဲ့ရတဲ့ တစ်စုံတစ်​​ယောက်အ​ကြောင်းစဥ်းစားရင်း အ​တွေး​တွေကအတိတ်က​​​နေ့ရက်​တွေဆီအလည်​ရောက်သွားဖြစ်ကာ လင်း​​ရောင်ခြည်သန်းစပြုမှအိပ်​​ပျော်သွားသည်။
အခု​တော့ နာရီကြည့်လိုက် ငိုက်လိုက်နှင့် ​ဖြတ်သွားဖြတ်လာလူ​တွေက​တောင် သူ့​ကြည့်သွားကြသည်။

​မကြာခင်မှာပင်​ ​​လေယာဥ်ဆိုက်ကာ ခရီးသည်အသီးသီးထွက်လာပြီဖြစ်၍လာကြိုသည့်လူများလည်း ရုတ်ရုတ်သဲသဲဖြစ်လာတာ​ကြောင့် ကျွန်​တော်လည်းထိုင်ရာမှထကာ သူမ ကို ရှာလိုက်သည်။

လည်ပိတ်ဆွယ်တာဖြူ​လွှလွှလေးပေါ်မှာ ကုတ်အကျီအနက်နဲ့ စတိုင်လ်ပန်​ဘောင်းဘီအနက်​​ကိုပါ တွဲဖက်၀တ်ထားတဲ့သူမက အ​နောက်နိုင်ငံမှာ​​နေသူဖြစ်တာမို့ ​ဖွေးနု​​နေသည့် အသားအ​​ရေ​နဲ့လိုက်ဖက်စွာ လူကြားထဲမှာထင်းနေသည်။
​​ပိတုန်း​ရောင်ဆံပင်ရှည်ကို​မြှောက်စည်းထားကာ လည်တိုင်​​ကျော့​ကျော့တွင် မာဖလာ အနီ​လေးကို ပတ်ထား​သေးသည်။
ကျွန်​တော့်ကိုမြင်​တော့ အပြုံးတစ်ခုကိုဆင်မြန်းကာ
​ခရီး​ဆောင်အိတ်​လေးဆွဲရင်းဖြည်းဖြည်းမှန်မှန်​လျှောက်လာတဲ့ သူမ ဟာ တက်ကြွမှု၊ရဲရင့်မှုတွေနဲ့  ထက်မြက်တဲ့မိန်းက​လေး တစ်​ယောက်ပုံရိပ်ထင်ဟပ်​နေသည်။
ယုံကြည်ရာအိပ်မက်​တွေ​ကို အ​ကောင်ထည်​​ဖော်ကာ နူးညံ့တဲ့စိတ်ထားကိုပါပိုင်ဆိုင်ထားတဲ့သူမဟာ ကျွန်​တော့်ရဲ့ လက်တွဲ​​ဖော် မိန်းက​လေး"ရတီဦး"တဲ့ ....။

"​နှောင်းရိပ် ​စောင့်​နေရတာကြာပြီလား..."
အနား​​ရောက်လာကာ သူမက ဆိုသည်။

"အွန်း ...ငါ​စော​ရောက်​နေလို့ပါ"

သူမ လက်ထဲက ခရီး​ဆောင်အိတ်​လေးကို​ပြောင်းယူ​ပေးကာ​ပြောလိုက်သည်။

အိမ်ပြန်လမ်းတစ်​လျှောက်​တော့ သူမရဲ့ လက်ရှိလုပ်​နေတဲ့သု​တေသန အ​ကြောင်း သူမအ​မေကျန်းမာ​ရေးအ​ကြောင်း​တွေ​မေးဖြစ်သည်။
သူမကလည်း ကျွန်​တော့်အလုပ်အ​ကြောင်း​​မေးလာ​တော့ ပုံမှန်ဆို အဆင်​ပြေတယ် လို့​ဖြေမိလိမ့်​ပေမယ့်
အခု​တော့ ကျွန်​တော်တိတ်ဆိတ်သွားမိသည်။

ချည်မိ​နှောင်ကြိုး တည်တံ့​စေ(ချည်မိနှောင်ကြိုးတည်တံ့စေ)Where stories live. Discover now