Epi-15

858 33 2
                                    

#Unicode

​ဆောင်းဒီ​ခေတ်နဲ့ဆုံပြီး ပြန်လာကတည်းက ရတီကသူ့ကို ဘာမှ​မေးမလာသလို ရတီ့ဘက်ကလည်း ဘာမှစမ​ပြောလာ​ပေ။
သူ​​မ မေးလာခဲ့လျှင် အ​​ကြောင်းစုံရှင်းပြမည်ဟု​တွေးထား​သော်လည်း ဘာမှ​မေးမလာ​တော့ ကိုယ်ဘက်က စ​ပြောဖို့လည်း အဆင်မ​ပြေတာနှင့် အဲ့ကိစ္စကို ဒီအတိုင်းထားလိုက်သည်။

"​နှောင်းရိပ် ည​နေရုံးဆင်းရင် ငါတို့အပြင်မှာညစာသွားစားရ​အောင် .."

မနက်စာစားရင်းရုတ်တရက်ပြောလာသည့်သူမ။

"အာ...အွန်း...နင်ဆိုင်​ရွေးထားလိုက် ည​နေရုံးကအပြန်လာ​ခေါ်မယ်.."

​မေ​မေက​​တော့ နှစ်​​ယောက်သားအဆင်​ပြေ​ပြေ​နေတယ် ဆိုပြီး တပြုံးပြုံးနဲ့ကြည့်​နေသည်။

ည​နေရုံးဆင်း​တော့အိမ်ကိုအမြန်​ပြေးရသည်။
အိမ်​ရောက်​တော့ ဧည့်ခန်းတွင် အဆင်သင့်ထိုင်​စောင့်​နေ​သောသူမ။ အ၀ါနု​ရောင် လက်ပြတ်ဂါ၀န်ရှည်​လေး
​​နဲ့ ဆံပင်ရှည်​တွေကို ပုခုံး​ပေါ်မှာဖြန့်ချထားသည်။

"​နှောင်းရိပ် ပြန်လာပြီလား ငါက​တော့ သွားဖို့ အဆင့်သင့်ပဲ နင် ​ရေချိုးချင်ချိုးလိုက် ငါ​စောင့်​နေမယ်"
လက်ခါပြပြီး"သွား" ဆိုသည့်ပုံစံနှင့် ​။သူမက​တော့ ဆိုဖာ​ပေါ်မှာ ​မှီထိုင်ကာ ဖုန်းသုံး​နေသည်။

ကျွန်​တော်လည်း အမြန်ပြင်ဆင်ပြီးတာနဲ့ သူမ ဆီသွားလိုက်သည်။
"သွားမယ် .."

ကျွန်​တော့်အသံကြားတာနဲ့​မော့ကြည့်လာကာ မတ်တပ်ထရပ်ရင်း

"အင့် ..."

ဆိုပြီးသူမဖုန်းကိုလှမ်း​ပေးသည်။ ကျွန်​တော်လည်းဖုန်းကိုယူပြီးကြည့်လိုက်​တော့ စား​သောက်ဆိုင်တစ်ခုရဲ့  ​​ကြော်ငြာ​ပေ့ချ် ...

"အဲ့ဆိုင်သွားကြမယ် ငါ booking လုပ်ထားပြီးသား..."

သူမ​ပြောသည့်ဆိုင်ထဲ​ရောက်သည်နှင့်​ရှေ့ကဦး​ဆောင်၀င်သွားသည့်သူမ။
သီးသန့်ခန်း ယူထားတာ​ကြောင့် အခန်း​ရှေ့​ရောက်​တော့ ​ကျွန်​တော့်ကို​ရပ်​စောင့်​နေသည်။
ကျွန်​တော်အနား​ရောက်​တော့ ကျွန်​တော့်လက်​မောင်းတစ်ဖက်ကို တွဲကာ တံခါးကိုတွန်းဖွင့်ရင်း၀င်လိုက်သည်။

ချည်မိ​နှောင်ကြိုး တည်တံ့​စေ(ချည်မိနှောင်ကြိုးတည်တံ့စေ)Where stories live. Discover now