Part-13

790 34 0
                                    

#Unicode

"တီ...တီ...."
နာရီနှိုးစက်မြည်သံနဲ့အတူ အိပ်ယာက​နေနိုးထလာခဲ့တယ်။ အိပ်ယာ​ပေါ်က​​နေ အ​​ကြောဆန့်ပြီး မနက်ခင်းလုပ်​​ငန်း​ဆောင်တာ​တွေလုပ်လိုက်​တော့တယ် ။
အကုန်ပြီးစီးလို့ အလုပ်အိတ်နဲ့ ကား​သော့ဆွဲယူပြီး​အောက်ထပ်ဆင်းလာ​တော့ မနက်စာစားဖို့ ​စောင့်​နေတဲ့​မေ​​မေ။
" ​မောနင်း ​​မေ​မေ"
​မေ​မေကိုနှုတ်ဆက်လိုက်ပြီး စားပွဲမှာ၀င်ထိုင်လိုက်သည်။
​မေ​မေက ကျွန်​တော့်​​ရှေ့က ​ကော်ဖီပန်းကန်ထဲ​ကော်ဖီငှဲ့​ပေးရင်း သူမရဲ့မူပိုင် အပြုံး​လေးနဲ့ ​မေးလာသည်။

"သား အလုပ်မှာ အဆင်​ပြေရဲ့လား "

ကျွန်​တော်နှုတ်ခမ်းပါး​လေးတွန့်သွားရုံ အပြုံးယဲ့ယဲ့​လေးပြုံးပြရင်း
"​ပြေပါတယ် ​မေ​မေ " ဟုသာ​ဖြေလိုက်သည်။

တစ်စုံတစ်​ယောက်နဲ့ အမှတ်မထင်ပြန်​တွေ့​ကြောင်းကို​တော့ ​ပြောပြမ​နေဖြစ်ခဲ့ ။

မနက်စာစားပြီးတာနဲ့အလုပ်သို့လာခဲ့လိုက်သည်။
တစ်ချိန်က ရင်းနှီးခဲ့ပြီးခုချိန်မှာ သူစိမ်းဖြစ်သွားတဲ့ တစ်​ယောက်​သောသူနဲ့ ​နေ့စဥ်​တွေ့ မြင်​နေရမယ့် ကိစ္စက အနည်းငယ် စိတ်မသက်မသာဖြစ်​စေတယ်။
အခုချိန်မှာသူ​​ရောကိုယ်ပါ မသိကျွမ်းခဲ့တဲ့ သူ​တွေလို​နေရင်း အလုပ်ပါတနာ အဖြစ် ဆက်ဆံသွားရင် အဆင်​ပြေသွားမှာပါလို့သာ ​တွေးလိုက်​တော့တယ်။

​ကျွန်​တော်တို့ ​နေ့လည်ပိုင်း အစည်း​​ဝေးပြီး​တော့ အလုပ်ကလူကြီး​တွေနှင့်​နေ့လည်စာစားဖို့ ​​​ခေါ်​တော့ ငြင်းရမည်လည်း အဆင်မ​ပြေ​။ သူက​တော့ ပုံမှန်ဘာမှမဖြစ်သလိုပင်။
ကျွန်​တော်လည်း သူ​တောင် အဆင်​ပြေတာပဲ​လေလို့​တွေးပြီး အားလုံး​နေ့လည်စာစားဖို့ ထွက်ခဲ့လိုက်သည်။
ဆိုင်တွင်စား​သောက်ကာ လုပ်ငန်းအ​ကြောင်း​ပြောကြရင်း ဖြင့် ဌာနမှူးက ​ဆောင်းဒီ​ခေတ်အ​ကြောင်း​တွေကိုစပ်စု​နေသည်။

"​ကို​ဆောင်းဒီ​​ခေတ်က Singapore ကပဲ​ကျောင်းပြီးတာလား"

​ရှေ့ဖန်ခွက်ကိုလှမ်းယူကာ သူ့မူပိုင်အပြုံးတစ်ပွင့်နဲ့အတူ

ချည်မိ​နှောင်ကြိုး တည်တံ့​စေ(ချည်မိနှောင်ကြိုးတည်တံ့စေ)Where stories live. Discover now