Epi 28

878 39 11
                                    

#Unicode

"ယံ​လေး သား "

ဟုတ်ပါတယ် သူမဟာ ဒီ​ခေတ်ရဲ့ အ​မေ​​ ပါ။

"အန်တီ ဒါဆို ဒီက​လေး ဒီက​လေးက.."

ကျွန်​​တော် သူမကို ကြည့်ကာ ​မေး​တော့ သူမက ​ပြုံးပြုံး​လေးနဲ့ ခေါင်းငြိမ့်ကာ

"ဟုတ်တယ် သူ​လေးက ဒီ​ခေတ် သား​လေးလေ"

ဟုဆိုကာ က​လေးကို ​ပွေ့ချီလိုက်တာ​ကြောင့် သူလည်း မတ်တပ်ထရပ်လိုက်သည်။

​ဘေးက ၀ိုင်းအုံကြည့်​နေတဲ့လူ​တွေကလည်း သူတို့ အ​ခြေ​နေမြင်ပြီး ဘာမှမဖြစ်တာသိပြီး ထွက်သွားကြ​လေပြီ။

ကျွန်​တော်လည်း ရပ်ထားတဲ့ ဆိုင်ကယ်​လေးကို တွန်းပြီး ​အဘွားဖြစ်သူပုခုံး​ပေါ် ​ခေါင်း​လေးတင်ထားတဲ့ က​လေး​လေးကို ​ကြည့်ရင်း အိမ်​​လေးဆီကို လိုက်သွားခဲ့တယ်။

"​မေ​​မေ သားသား ဘာဖြစ်သွား​​သေးလဲ။
အိမ်​ရောက်​ရောက်ချင်း မထွေးက ​သားသား
ဆိုင်ကယ် တိုက်မိတယ်ပြောလို့ အခုပဲ လိုက်လာ​တော့မလို့ "

အခုမှ အလုပ်က ပြန်လာဟန် တူ​သော ဒီ​ခေတ်က ​နောက်က ကျွန်​တော့်ကို မမြင်ဘဲ သူ့သားကို စိုးရိမ်တကြီး ကြည့်ကာပြော​နေသည်။

"​မြေး​လေးက ဘာမှမဖြစ်ပါဘူး။
မခိုက်မိဘူး နည်းနည်း လန့်သွားရုံပါ ။
ဒဏ်ရာရသွားတဲ့သူက ​နောက်မှာ ပါလာတယ်"

အန်တီ​ပြောမှ ​နောက်ကို ​ကျော်ကြည့်ရင်း အံ့သြသွားတဲ့ ဒီ​ခေတ်

"​သော်တာယံ"

နှုတ်ခမ်းလှုပ်ရုံ သူ့နာမည်ကို ​ခေါ်လိုက်တဲ့ ဒီ​​ခေတ်က ​​မျှော်လင့်မထားတဲ့ သူ့ကို ​တွေ့လိုက်ရ​တော့
အ​​တော်လည်း အံ့အားသင့်သွားတယ် ထင်တယ်။

ကျွန်​တော့်လက်က ဒဏ်ရာကိုမြင်မှ အနားလာကာ ဆိုင်ကယ်ကို ​ယူလိုက်ပြီး ​ဘေးမှာရပ်လိုက်တယ်။
ပြီး​တော့ အိမ်ထဲ​ကိုလိုက်ခဲ့ဖို့ ခေါ်သွားခဲ့တယ်။

​ဆေးအိတ်ယူလာကာ သူ့လက်ကဒဏ်ရာကို ​
ဆေးထည့်​ပေး​နေတဲ့ ဒီ​ခေတ်ကို ကြည့်ကာ သက်ပြင်းချရင်း

ချည်မိ​နှောင်ကြိုး တည်တံ့​စေ(ချည်မိနှောင်ကြိုးတည်တံ့စေ)Where stories live. Discover now