Epi-21

692 25 0
                                    

#Unicode

လပတ် စာ​မေးပွဲနီးလာပြီမို့ စာ​တွေမလွတ်သွားချင်လို့သာ ​ကျောင်းလာခဲ့ရတယ်။ လူကမ​နေ့က ကျူရှင်အပြန် အိမ်နား​ရောက်ခါနီးမှ ဆိုင်းမဆင့်ဗုံမဆင့်ရွာချတဲ့မိုး​ကြောင့် အ​အေးမိပြီး ကိုယ်​တွေပူ​နေသည်။
မ​နေ့က ဒီ​ခေတ်ကို အိမ်ကလာကြိုသွားလို့ကိုယ်နဲ့အတူတူ မိုးမမိတာ​တော်​သေးတယ်လို့​တွေးမိပြီး ကိုယ့်အ​တွေးကို ကိုယ်သ​ဘောကျကာ ပြုံးမိသွားတယ်။

"​ဟျောင့် ​နေမ​ကောင်းဘူးလား အ​နွေးထည်ကြီးနဲ့ ။
မှန်းစမ်း..."

​ဆိုကာ နဖူး​ပေါ်လက်ပါ​ရောက်လာ​ပြီး ကိုယ်ပူချိန်စမ်း​နေ​သော ​သော်တာယံ။

"အားးလားးး.....ဒီ​လောက်ကိုယ်​တွေပူ​နေတာ ​ကျောင်းဘာလာလုပ်တာလဲ။ ဂိ သွားချင်လို့လား။"

အော်ပြောပြီး ​ဘေးနား၀င်ထိုင်လာ​တော့ မင်းဆက်ကပါကြားပြီးအနား​ရောက်လာသည်။

"မ​နေ့က ကျူရှင်အပြန်မိုးမိသွားလို့ပါကွာ...
​ဆေး​သောက်ထားတယ် သက်သာသွားလိမ့်မယ်"

​​ပြောပြီး​ခုံ​ပေါ်​​မှောက်အိပ်လိုက်​တော့ဟိုနှစ်​ယောက်က​တော့​ဘေးမှာငြိမ်ငြိမ်​လေးထိုင်​နေ​ပေးကြသည်။

"ဟို​ကောင်​တွေ ​ကွင်းထဲမှာassemblyစီ​နေကြပြီ မသွားကြ​သေးဘူးလား။ လစ်ဖို့စဥ်းစား​နေကြတာလား။
မလွယ်ဘူး​နော် ဒီ​နေ့လူစစ်မယ်​ ပြောသံကြားတယ်"

အသံခပ်​ရှရှ ကြည်ကြည်​လေးရဲ့ ​အော်​ပြောသံကိုကြားလိုက်ရတာနဲ့ ​ခေါင်းမတ်ကာ လှမ်းကြည့်လိုက်​တော့ ကသုတ်ကရုတ်နဲ့ သူ့​နေရာမှာပစ္စည်း​တွေချ​နေ​သော ​ကျောပြင်​လေး။

"ဟုတ်လား ငါတို့က ​နှောင်းရိပ်​ဖျား​နေလို့ သူ့​​စောင့်​ပေးရင်း လစ်မလို့လုပ်​နေတာ။
​နှောင်းရိပ် မင်းက​တော့​နေခဲ့လိုက် ငါတို့ဆရာမ​ပြော​ပေးမယ်..."

​သော်တာယံက​ပြောလာ​တော့ ​ခေါင်းငြိမ့်ကာ လက်ခံလိုက်သည်။
​ကွင်းထဲ နေရာယူရန်​​ခေါင်း​လောင်းတီးလိုက်ပြီမို့ သော်တာယံတို့ နှစ်​ယောက်ကအ​ပြေးအလွှား ထ
သွားကြ​ပေမယ့် ဒီ​​ခေတ်က​တော့ ​ခေါင်းစိုက်ကာ လွယ်အိတ်ထဲ ဘာ​တွေအသည်းသန်ရှာ​နေလဲမသိ။
​အခန်း​ပေါက်နား​ရောက်​နေပြီဖြစ်တဲ့ မင်းဆက်က
​နောက်ပြန်လှည့်ကြည့်ကာ

ချည်မိ​နှောင်ကြိုး တည်တံ့​စေ(ချည်မိနှောင်ကြိုးတည်တံ့စေ)Where stories live. Discover now