Final (Part-1)

1.4K 35 5
                                    

#Unicode

" မင်းဘုန်း​နေ...."

ကိုယ်က လမ်းဖက်ကို ကျောပေးထိုင်နေပေမယ့် ဒီ​ခေတ်ရဲ့ အသံကြောင့် ဒီ​ခေတ်ကိုကြည့်မိ​တော့ စိုးထိတ် တုန်လှုပ်ကာ သွေးမရှိသလို ဖြူဆုပ်​နေတဲ့ မျက်နှာ နဲ့ ​ထိုသူကိုကြည့်​နေတာကို မြင်ရသည်။

ဒီ​ခေတ်က ထိုသူ့ကို ​တွေ့ရတာ ဤမျှထိ တုန်လှုပ်​ခြောက်ခြား သွားရ​တယ်ဆို​တော့ ​သော်တာယံ ​ပြောပြခဲ့တဲ့ အ​ကြောင်း​တွေက အမှန်တရား ဆိုတာ ပို၍ ​သေချာလာသည်ထင်။

" ငါ့ညီ လာ​လေကွာ ဘာရပ်​နေတာလဲ "

​သော်တာယံ က လှမ်း​ခေါ်လိုက်​​တော့ ​ခြေလှမ်းကျဲ​တွေနဲ့ ​လျှောက်လာပြီး ဒီ​ခေတ်တို့နဲ့ မျက်နှာချင်းဆိုင် ​​သော်တာယံ့ ​ဘေးခုံတွင် ၀င်ထိုင်လာသည်။

" အားလုံးပဲ ဒါ ငါ့ညီ မင်းဘုန်း​နေတဲ့ သူက ရန်ကုန်မှာ​နေတာ ။ အခု အလုပ်ကိစ္စနဲ့ မန္တ​လေးလာတုန်းမို့ တစ်ခါတည်း ဆုံရ​အောင် ချိန်းလိုက်တာ။ မင်းတို့ အ​နှောက်ယှက်မဖြစ်ဘူးမလား "

​သော်တာယံက ​ထိုသို့ပြောလာတာမို့ ကျွန်​တော်လည်း

" ကိစ္စ မရှိပါဘူး" လို့ ​ပြောမိတယ်။

" ညီ​လေး ဒါက အကို့ငယ်သူငယ်ချင်း​တွေ သူက ​
နှောင်းရိပ်မာန်တဲ့။
ဒီဖက်က​တော့ ​ဆောင်းဒီ​ခေတ်နဲ့ သူ့အမျိုးသမီး
နှင်းဧကရီ"

သော်တာယံ က မိတ်ဆက်​ပေးလာတာမို့ ​​ခေါင်းငြိမ့်ကာ ထိုသူကို ပြုံးပြလိုက်​ပေမယ့် ထိုသူ့အကြည့်​တွေက သူ့​ရှေ့က အမျိုးသမီးငယ်ဆီသာ ကပ်ငြိ​နေပါသည်။

ဒီ​ခေတ်က​တော့ ဘာမှမ​ပြောဘဲ ​ခေါင်းသာ ငုံ့ထားသည်။

" ​တွေ့ရတာ ၀မ်းသာပါတယ် လို့ ​ပြောသင့်လား ဒါမှမဟုတ် ပြန်​တွေ့ရတာလို့ သုံးရမလား"

မင်းဘုန်း​နေက ​နှင်းဧကရီကို တည့်တည့် စိုက်ကြည့်ရင်း စကားလုံး​တွေကို တစ်လုံးချင်း ​ပြောလာသည်။

" အဟွန်း ပြန်​တွေ့ရတာလို့ သုံးသင့်တာ​ပေါ့ အခုမှ​တွေ့ဖူးတဲ့သူ​တွေမှ မဟုတ်ဘဲ။ ဒါပေမယ့် ကျွန်မ တွေ့ရတာ၀မ်းသာပါတယ် လို့​တော့ မ​ပြောနိုင်တာ အားနာပါတယ်"

ချည်မိ​နှောင်ကြိုး တည်တံ့​စေ(ချည်မိနှောင်ကြိုးတည်တံ့စေ)Where stories live. Discover now