Epi-22

721 23 0
                                    

#Unicode

မနက်အ​စောကြီးထကာ ​​ရေချိုး ပြင်ဆင်ပြီး ​သွားဖို့နာရီကြည့်လိုက်​တော့ ၇နာရီထိုး​တော့မည်။
​အောက်ထပ်အမြန်​ပြေးဆင်း​တော့ မီးဖိုခန်းထဲက​
​မေ​မေက ကိုယ့်အသံကြားပြီး ဟင်း​မွှေ​​​​ယောင်းမကြီးကိုင်ပြီး ရပ်ကြည့်​နေကာ

"အမ​လေးး ​ဖြေး​ဖြေးသာသာလုပ်ပါ ​နှောင်း ရယ်
အိမ်လည်းပြိုသွားအုန်းမယ်။ သူ့သူငယ်ချင်းအိမ်သွားမယ်ဆို​တော့ တက်ကြွ​နေလိုက်တာများ"

မျက်​စောင်း​​လေး​ထိုးကာ လှမ်း​ပြောလိုက်တဲ့​​မေ​မေ့အနားအ​ပြေးသွားကာ ခါးကိုဖက်လိုက်ပြီး

"​မေ​မေ ကလည်း ဒီ​ခေတ်က သူ့​မွေး​နေ့မို့ ​သေချာ လာခဲ့ဖို့​ပြောထားလို့ပါ။ ​မေ​မေပဲသူငယ်ချင်းက အကူညီ​​တောင်းရင် ကူညီ​ပေးရမယ်ဆို"

ကျွန်​တော် ​ပြောလိုက်​တော့ ​မေ​မေက ခပ်ဟဟ ရယ်ကာ ကျွန်​တော့်နှာ​ခေါင်းထိပ်​လေးကိုဆွဲညှစ်ပြီး

"ဟားးး လူလည်​လေး ။ ဟုတ်ပါပြီ အိမ်ပြန်​နောက်မကျနဲ့​နော် ​မေ​မေတို့က ည​နေ၃နာရီ​လောက်ပြန်လာမှာ။ ​မှောင်​တဲ့အထိမ​နေနဲ့ ကြားလား..."

"ဟုတ်ကဲ့ပါ..."

​မေ​မေ့ ခွင့်ပြုမိန့်ရပြီမို့  အိမ်​ရှေ့ ဆင်၀င်​အောက်မှာ ရပ်ထားတဲ့ စက်ဘီ​လေးကို ​ဒေါက်ဖြုတ်ကာ ခပ်​သော့​သော့​လေးနင်းပြီး ဦးတည်လိုက်မိတာက ချစ်ရသူဆီ။ 
ဒီ​ခေတ်တို့အိမ်​​ရောက်​တော့ ဒီ​ခေတ်က ဘုရားသွားတာပြန်မ​ရောက်​သေးဟု ဆိုသည်။
​တော်ပါ​သေးတယ် သူပြန်မရောက်ခင် ကိုယ်​ရောက်လာလို့။

​နေ့ဆွမ်းကပ်ဖို့ အလုပ်ရှုပ်​နေတဲ့ ဒီ​​​ခေတ်အ​ဒေါ်နားသွားကာ ဘာကူညီ​ပေးရမလဲ​မေး​တော့ မုန့်ပွဲ​တွေကူပြင်​ပေးဖို့​ပြောသည်။
မုန့်ပွဲ​တေပြင်​နေတုန်း ကား၀င်လာသံကြားလိုက်ပြီး မကြာမီ ​အသံစာစာ​လေးနဲ့ ​​​ပွစိပွစိ​ရေရွတ်​ပြီး၀င်လာတဲ့ ​ဒီ​နေ့ရဲ့ မွေး​နေ့ရှင်​လေး။

"အန်တီ​ရေ ဟင်း​တွေအကုန်ကျက်ပြီလား မုန့်ပွဲ​တွေ​ရော ..."

"အမ​လေးး သားငယ်ရယ် အန်တီအကုန်ပြင်ပြီးပါပြီဘာမှမပူနဲ့ ဟင်း​တွေလည်းအကုန်ကျက်ပြီ။ မုန့်ပွဲကလည်း ​နှောင်းရိပ်​လေးကူ​ပေးတာနဲ့ ပြီးသွားပြီရယ်"

ချည်မိ​နှောင်ကြိုး တည်တံ့​စေ(ချည်မိနှောင်ကြိုးတည်တံ့စေ)Where stories live. Discover now