Epi-23

771 25 4
                                    

#Unicode

ပြင်ဆင်စရာရှိတာ​တွေ ပြင်ဆင်ပြီး သိပ်မကြာခင်မှာပဲ ​သော်တာယံနဲ့ မင်းဆက် အပြင် ရတီ ပါ ​ရောက်လာခဲ့တယ်။
ကိုယ့်အပူနဲ့ကိုယ် စိတ်သိပ်မကြည်တာရယ် သူတို့​တွေ လာမကူဘဲ ခုမှ​ပေါ်လာတာရယ်ပေါင်းပြီး မ​ခေါ်ဘဲ​နေ​တော့ ​သော်တာယံက အနား​ရောက်လာကာ စားပွဲခင်း​တွေ ခင်း​နေတဲ့​ကျွန်​တော့်ကို ပုခုံးက​နေ​ကျော်ဖက်ပြီး

"​နှောင်းရိပ်... ပင်ပန်း​နေပြီလား ။ ငါတို့လည်း ကျူရှင်​ဆင်းဆင်းချင်း တန်းလာမလို့ပဲ ရတီမက သူပါလိုက်မယ် ​စောင့်ပါအုံး​ပြောပြီး သူ့အိမ်တစ်​ခေါက်ပြန်သွားလို့ ​နောက်ကျသွားတာ။ ​​sorry ပါကွာ"

မျက်နှာငယ်​လေးနဲ့ စိတ်မ​ကောင်းဖြစ်ဟန်​ပြောလာ​တော့လည်း ကိုယ်ကပဲ စိတ်​လျော့လိုက်​တော့တယ်။
သူတို့​တွေ အမှားမှမဟုတ်တာ​လေ။ ​သော်တာယံက
၀ိုင်းကူလုပ်​ပေးရင်း

"​နှောင်းရိပ် နှင်းဧကရီ ​ရောက်​နေတာ ကြာပြီလား"

ရုတ်တရက်ကြီး ​​မေးချလိုက်တာမို့ ဘာကိုဆိုလိုခြင်းမှန်းသ​ဘောမ​ပေါက်ခင် ​သော်တာယံက ဆက်​ပြောလာတယ်။

"နှင်းဧကရီ က အရင်က ဟိုဘက်ခြံမှာ​နေတာ​လေ။
ဒီ​ခေတ်နဲ့ ငယ်ငယ်ကတည်းက ကစား​ဖော်၊ အရင်းနှီးဆုံး​သူ​ပေါ့။ အဲ့က​လေးမက ဒီ​ခေတ်ဆို အရမ်း အနိုင်ကျင့်တာ။ ဟို​​ကောင်ကလည်း သူ့ဆို ဘာမှပြန်မလုပ်ဘူး ဆိုးသမျှ သည်းခံ​နေတာ။ ငယ်နိုင်​လေ..."

ကျွန်​တော့်အ​တွေးထဲက ​ထုတ်မရတဲ့ ​သိချင်စိတ်ပြင်းပြ​နေ​သော ​မေးခွန်း​တွေက ဖွင့်ထုတ်မ​မေးရပါပဲ ​ဖြေလာ​ပေးတဲ့ ​​သော်တာယံ့ကို ဒီတစ်ခါ​တော့ ​ကျေးဇူးတင်သွားပြီ။
အခွင့်သင့်တုန်း သူ့စကားစိတ်၀င်စားဟန်ပြတဲ့ပုံစံမျိုးနဲ့ သိချင်တာ​တွေ ဆက်​​မေး​လိုက်သည်။

"ဒါနဲ့ နှင်းဧကရီ က ဘယ်​ပြောင်းသွားလို့ အခု ပြန်လာတာလဲ"

ကျွန်​တော်​မေးလိုက်​တော့ ​သော်တာယံက ခဏငြိမ်သွားပြီးမှ ပြန်​ဖြေလာသည်။

" နှင်းဧကရီ ရဲ့ အ​ဖေနဲ့ အ​မေက ကွဲ​နေကြတာ။
မနှစ်​က သူ့အ​မေ ရုတ်တရက် ဆုံးသွား​တော့ သူ့
အ​ဖေက ရန်ကုန်​မှာ​သူနဲ့နေဖို့ လာ​ခေါ်သွားတာ။
ခုပြန်လာပုံ​​ထောက်ရင် သူ့အ​ဖေရဲ့​နောက်အိမ်​ထောင်နဲ့ အဆင်မ​ပြေလို့ အပြီးပြန်လာတာထင်တယ်"

"....."
ပြန်လည်တိတ်ဆိတ်သွားပြီး​နောက်မှာ ​ကျွန်​တော့်တို့နားကို ရတီ ​​ရောက်လာကာ ​ "​ဖြောင်း" ဆိုတဲ့ အသံက ကျယ်​လောင်စွာထွက်​ပေါ်လာပြီး ​ကျောပါ ​ကော့သွား​စေသည်။

ချည်မိ​နှောင်ကြိုး တည်တံ့​စေ(ချည်မိနှောင်ကြိုးတည်တံ့စေ)Where stories live. Discover now