Part 6 (Unicode+Zawgyi)

86.6K 10K 1K
                                    

UNICODE

အပိုင်း ၆

ဒီလိုနဲ့ ၈ တန်း သင်္ချာကို ဖင်ထောင်အောင် ပြန်လေ့လာရတော့တာပဲ။ မကြာခင် အတန်းတင်စာမေးပွဲဖြေရတော့မယ်။ ကျွန်တော်သေချာ မရှင်းပြနိုင်ရင် ခက်မယ်မဟုတ်လား။ တော်သေးတာက သင်္ချာကို မကြိုက်တာကလွဲရင် ကျွန်တော်က သင်္ချာဘာသာရပ်မှာ နလပိန်းတုံးတစ်ယောက်တော့ မဟုတ်ပါ။

ပိတ်ရက်တွေ ချိန်းပြီးသင်ရအောင်လဲ ကျွန်တော်က ထွက်လို့မရ။ အမေက သိပ်လျှင်တာ။ ဒီလိုနဲ့နှစ်ယောက်သား အချိန်ညှိကြတော့ နေ့လယ်စာ စားချိန်က အသင့်တော်ဆုံးဖြစ်နေခဲ့တယ်။

နယ်မြို့လေးမို့ ကျောင်းသားနည်းတာကြောင့် ကျောင်းတွေက မနက်ပိုင်း၊ ညနေပိုင်းမခွဲဘဲ မနက် ကိုးနာရီကနေ ညနေ သုံးနာရီအထိက ပုံမှန်အချိန်ပါပဲ။

နေ့လယ် ဆယ့်တစ်နာရီထိုးတိုင်း ကျွန်တော့်ကျောင်းရှေ့က ဗန်ဒါပင်အောက်ကို ဘေးအိမ်ကကောင်လေးက လာမယ်တဲ့။ ဒီလိုနဲ့ နှစ်လလောက်ပဲ လိုတော့တဲ့ စာမေးပွဲရာသီအတွက် ကျားကုတ်ကျားခဲ စာသင်ပေးဖို့ ဆုံးဖြတ်မိတယ်။

သူ့ရဲ့အရည်အချင်းကို မသိဘဲ စာသင်ပေးဖို့တာဝန်ယူလိုက်တာက နည်းနည်း ထူးဆန်းနေပေမဲ့ ကျွန်တော်ယုံနေမိတယ်။ ဘေးအိမ်ကကောင်လေးက စကားပဲမပြောတာ...ငတုံးမဟုတ်ဘူးဆိုတာကို အကြွင်းမဲ့ယုံနေမိတာမျိုး။

အတွေးနဲ့ ဟက်ခနဲ ရယ်မိသေးတယ်။ အခု ကျွန်တော် လူတစ်ယောက်အပေါ် တအားယုံလွန်းနေတာ မဟုတ်ဘူးလား။

ကျွန်တော့်ကျောင်းရှေ့ မလှမ်းမကမ်းက ဗာဒံပင်ရိပ်လေးက ကျွန်တော်တို့နှစ်ယောက်အတွက် စခန်းချရာ နေရာဖြစ်လာတော့မယ်။

ထမင်းစားခေါင်းလောင်းတီးသံကြားတော့ ထမင်းဘူးကို မပြီး ကျွန်‌တော် အပြင်ထွက်လာမိတယ်။ ခါတိုင်း အခန်းထဲမှာ စားနေကျဖြစ်ပေမဲ့ အခုတော့ ဘေးအိမ်ကကောင်လေးကို စာရှင်းရင်း တစ်ခါတည်းစားမှ အဆင်ပြေပါလိမ့်မယ်။ ထမင်းစားနားချိန် တစ်နာရီအတွင်း စာလဲရှင်းရင်း ဗိုက်လဲဖြည့်ရင်းပေါ့။

ဒီလိုနဲ့ ဗာဒံပင်လေးအောက်မှာ ကျွန်တော်ဖိနပ်ခုပြီး ထိုင်နေတုန်း...ဘေးနားကနေ လွင့်လာတဲ့ အမောတကော အသက်ရှူသံ ပြင်းပြင်းလေး။

"မောင့်ရဲ့ဗီဇ သို့မဟုတ် ဘေးအိမ်က ကောင်လေး"(COMPLETED)Where stories live. Discover now