UNICODE
စင်တာက ထွက်လာပြီး အနည်းငယ်မောင်းပြီးနောက်မှာ နေပြည်တော် ရုပ်ရှင်ရုံရှေ့ ရောက်လာတယ်။ လက်ကိုတင်းတင်းဆွဲပြီး ရုံထဲဝင်ဖို့ လုပ်နေတာမို့...
"ဇ"
"ရုပ်ရှင်ကြည့်မယ်"
"မင်း ကြည့်ချင်တဲ့ကားလား"
"ကြည့်ချင်တဲ့ ကားဆိုတာ မရှိဘူး"
"ဒါဆို ဘာလို့"
"မောင်နဲ့ မလုပ်ဖူးတာတွေ သိပ်များတယ်...တစ်ခုချင်း ဖြည်းဖြည်းချင်း အားလုံးလုပ်ကြည့်ချင်လို့"
ပြောပြီး ကျွန်တော့်မျက်လုံးတွေထဲ နစ်နေအောင် စိုက်ကြည့်တယ်။ ဘယ်လိုလဲ ခွင့်ပြုမှာလားဆိုတဲ့ မျက်ဝန်းမျိုးကို မြင်လိုက်ရတော့...
"မွေးနေ့ရှင်အတွက်...ငါ့အချစ်ဦးလေးအတွက် အဆင်မပြေဘူးဆိုတာ မရှိဘူး...ကမ္ဘာ့ဝင်ရိုးစွန်းအထိဆိုရင်တောင် မင်းနဲ့ဆို လိုက်မှာ"
ပျော်စေဖို့ ပိုပိုသာသာ ပြောပစ်တော့ ခေါင်းငုံ့ပြီး ပြုံးတယ်။
"မောင်ကတော့ ခဏတိုင်း စကားတွေကျွံနေတော့တာပဲ"
ခပ်တိုးတိုးညည်းတွားသံမှာ နှစ်လိုစိတ်တွေ မြင်လိုက်ရတာမို့...
"ဇ မယုံဘူးလား"
"ယုံတယ်မယုံဘူးဆိုတာ မောင်နဲ့ပတ်သက်ရင် မရှိဘူး...မောင် ကျွံလာတဲ့စကားလုံးတိုင်းဟာ ငါ့အတွက်တော့ ခြေလှမ်းသစ်တွေကို မွေးဖွားပေးတယ်"
"ဇကို သိပ်ချစ်တာ သိတယ်မလား"
နောက်တစ်ကြိမ်ထပ်ပြောတော့ ခေါင်းညိတ်ပြခြင်းနဲ့အတူ "သိပါတယ်" တဲ့။ ခဏကြာတဲ့အခါ ကျွန်တော့်တစ်ကိုယ်လုံးကို ဝေ့ဝဲကြည့်လာပြီး...
"မိုးတိတ်သွားတော့ ဟူဒီက ပူလာတယ်မလား"
သူပြောမှ ယောင်ယမ်းပြီး ခေါင်းစွတ်ကြိုးကို ဖြေချမိတယ်။ ဟုတ်တာပဲ...မိုးတိတ်သွားတော့ ရန်ကုန်ဟာ ခေါင်းပြူထွက်လာသလို ပူစပ်ပူလောင် ခံစားနေရတယ်။ ဇ ကတော့ ကျွန်တော့်လှုပ်ရှားမှုတွေကို ဒီအတိုင်း ငေးမောနေရင်းက...
YOU ARE READING
"မောင့်ရဲ့ဗီဇ သို့မဟုတ် ဘေးအိမ်က ကောင်လေး"(COMPLETED)