Part 9(Unicode+Zawgyi)

78.9K 9.9K 949
                                    

Unicode

အပိုင်း ၉

"အဲ့တော့ အဖေကော၊ အမေကော နေကောင်း၊ ကျမ်းမာကြတယ်မလား"

"အမယ်လေး ကောင်းပါ့ ဒေါက်တာကြီးရယ်။ ပိတ်ရက်လေးရရင် နယ်မြို့လေးကို ပြန်လာပါအုံး။ အဖေနဲ့အမေက လွမ်းလှပြီ"

"ပြန်လာမှာပေါ့ အမေရယ်၊ ကျွန်တော်လဲ လွမ်းနေပြီဗျ"

ဆေးခန်းထဲက ထိုင်ခုံလေးမှာ ဝင်ထိုင်ပြီး ခပ်ချွဲချွဲပြောလိုက်တော့ အမေ့ဆီက မျက်စောင်းတစ်ချက် ဒိုင်းခနဲ လွင့်လာတယ်။

"မောင်ရယ်...အဲ့ဒီ့ ကျွန်တော်...ကျွန်တော်ကြီးကို ခဏလောက်မေ့ပြီး အဖေအမေကို စကားပြောရင်တော့ အရင်လို မောင်လို့ပဲ သုံးပါ ငါ့သားရယ်။ ဒီသားလေးတစ်ယောက်မွေးထားတာကို အဝေးမှာရောက်နေတဲ့အပြင် အခုတော့ စကားသံထဲမှာတောင် လေစိမ်းတွေတိုက်လို့ ငါ စိတ်ညစ်တယ်သိလား"

အမေက ညည်းညူသလိုလေး ပြောလာတယ်။ Video Call ထဲမှာတောင် အမေ စိတ်ကောက်နေတာ သိသာပါတယ်။ အဖေကတော့ အမေ့ကို ကြည့်ပြီး ပြုံးလို့။

"ကဲပါ မေကြီးရယ် သားလေး မွေးနေ့ကြီးကို စိတ်မကောင်းအောင် မပြောပါနဲ့"

အမေက ဟင်းခနဲ သက်ပြင်းထပ်ရှိုက်တယ်။

"ကျွန်မဖြင့် တစ်ခါတလေ မောင့်ကို ဘာကြောင့် အမြင့်ကြီး ပို့လိုက်မိလဲ စဉ်းစားမရဘူး ဖေကြီးရယ်"

အမေရဲ့ ဓာတ်ပြားဟောင်းကြီးကို အပြုံးတွေနဲ့ နားထောင်ဖို့ပြင်တုန်း အဖေက မျက်စိမှိတ်ပြတယ်။ မောင်ရေ ဖုန်းချလိုက်ဆိုတဲ့ သဘော။ အသက်ကြီးလာလို့ထင်တယ် အမေ အရင်ကထက် ပိုပြီးစိတ်ကောက်တတ်လာတယ်။ အမေ ဘယ်လောက် စိတ်ကောက်ကောက် ငယ်ငယ်တုန်းကလို မငြိုငြင်မိတော့ဘူး အမေ့မေတ္တာတွေကို နားလည်လာတော့ အမေ့ကို ပိုပြီးချစ်ရကောင်းမှန်း နားလည်လာတယ်။ ဒီနေ့ ကျွန်တော့်မွေးနေ့မို့ အမေဆူတာ ခံချင်တယ်။ ငယ်ငယ်ကလို အမေနဲ့ ခဏခဏ ရန်ဖြစ်တဲ့ အချိန်တွေကို ပြန်လွမ်းမိတယ်။

နယ်မြို့လေးမှာ ဘာသာစုံဂုဏ်ထူးနဲ့ ထူးထူးချွန်ချွန် စာမေးပွဲအောင်ခဲ့တဲ့ ကျွန်တော်ကို အဖေ့သူဌေး ကြီးမူးတဲ့ စာပေအသင်း အဖွဲ့အစည်းကနေ ပညာသင်ဆု ချီးမြှင့်မြှောက်စားခြင်းကို ခံခဲ့ရတာမို့ ရန်ကုန်ပြောင်းလာပြီး ဆေးကျောင်းတက်ခဲ့တဲ့ ခုနှစ်, နှစ်လုံး ကျောင်းစရိတ် တစ်ပြားမှ မထုတ်ခဲ့ရပါဘူး။ အမေက ဘဝတစ်လျှောက်လုံး သိုသိုသိပ်သိပ်နဲ့ ကျောင်းစရိတ်အတွက် စုဆောင်းထားခဲ့တဲ့ ငွေကို လမ်း ၅၀ မှာ ကျွန်တော့်နာမည်နဲ့ တိုက်ခန်းတစ်ခန်း ဝယ်ပေးခဲ့တယ်။

"မောင့်ရဲ့ဗီဇ သို့မဟုတ် ဘေးအိမ်က ကောင်လေး"(COMPLETED)Where stories live. Discover now