Part 40(Unicode+Zawgyi)

70.1K 6.8K 3.7K
                                    

UNICODE

ဒီလို မငြိမ်မသက် ဖြစ်နေတဲ့ ကျွန်မတို့ ဘဝထဲကို နောက်ထပ် ရောက်လာတဲ့ သတင်းဆိုးတစ်ခုကတော့ နွယ်နီ့အမျိုးသား ကြွေ့ဖေဖေ နယ်စပ် လမ်းတစ်နေရာမှာ ဓားပြတိုက်ခံရပြီး လက်လွန်လို့ ဆုံးတဲ့ သတင်းပါပဲ။

လက်ရှိ ခံစားနာကျင်ရတာတွေ အားလုံးကို ပစ်ချခဲ့ပြီး ကျွန်မတို့တွေ နွယ်နီတို့ သားအမိကို နှစ်သိမ့်ပေးဖို့ ကြိုးစားခဲ့ရပါတယ်။ ဖအေဖြစ်သူ ဆုံးပြီးနောက်ပိုင်း သမီးလေး ကြွေက မာန့်ကို အရင်ထက် အားကိုးတွယ်တာ လာတာကို အားလုံးက မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ကြရတယ်။

'ကြွေ့နားမှာ မာန်ရှိနေလို့ တော်သေးတာပေါ့' လို့ အားလုံးက ပြောကြပေမဲ့ အခြေအနေတွေကို နားလည်ထားတဲ့ ကျွန်မအတွက်ကတော့ နေ့စဉ်ရက်ဆက် သေဆုံးနေရသလိုပါပဲ။

အားကိုးရာ ရွှေတောင်ကြီး ပြိုသွားတဲ့ ကြွေတို့သားမိဘေးမှာ မာန် ရှိနေသင့်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နေ့ရွေ့ ရက်ရွေ့ ရွေ့လာခဲ့ကြတဲ့ မင်္ဂလာပွဲက မြန်မြန်ဆန်ဆန် ကျင်းပဖို့ အကြောင်းဖန်လာခဲ့တယ်။ အဲ့အချိန်တွေမှာ ကျွန်မသား ချစ်လူမိုက်ကြီးကတော့ အိပ်မက်တွေ တစ်လှေကြီးနဲ့ သင်္ဘောပေါ်မှာ တစ်ယောက်တည်း လေထဲတိုက်ဆောက်နေခဲ့မှာပေါ့။

မင်္ဂလာရက် နီးလာလေလေ မာန့်မျက်နှာက သွေးဆုပ်ဖြူရော်လာလေလေပါပဲ။ မလှုပ်သာ မလွန့်သာ အခြေအနေမှာ မာန်တစ်ယောက် လက်ယာကို မျှော်နေခဲ့မလား။ သူ တစ်ယောက်တည်း ချီတုံချတုံနဲ့ ပြိုလဲနာကျင်နေခဲ့မလား။

သူတို့မင်္ဂလာပွဲလေး မကျင်းပမီ မမျှော်လင့်ထားတဲ့ ညနေခင်းလေး တစ်ခုမှာ မာန် ကျွန်မဆီ ထပ်ရောက်လာခဲ့ပါတယ်။ ကျန်းမာရေး သိပ်မကောင်းလို့ အလုပ်နားရက်ယူထားတဲ့ ကျွန်မကို တွေ့ခွင့်ရဖို့ မာန်က မေတ္တာရိပ်မြုံထိ ရောက်လာခဲ့တာ။ ကျွန်မဆီ ဧည့်သည်လာတယ်ဆိုတဲ့ သတင်းစကားအနောက်မှာ ခပ်နွမ်းနွမ်းအမူအရာလေးနဲ့ မာန်ကို့ တွေ့လိုက်ရတယ်။

"အို...သားလေး မေတ္တာရိပ်မြုံထိ ရောက်လာပါကောလား သားရယ်"

ခရီးဦးကြိုပြုလိုက်တာနဲ့ မာန့်ဆီက မြင်နေကြ အပြုံးလေးတစ်ပွင့်က သိမ်မွေ့စွာ လွင့်ပျံလာတယ်။

"မောင့်ရဲ့ဗီဇ သို့မဟုတ် ဘေးအိမ်က ကောင်လေး"(COMPLETED)Where stories live. Discover now