Part 15(Unicode+Zawgyi)

85.1K 9.1K 363
                                    

UNICODE

တံခါးဘဲလ်တီးလိုက်တာနဲ့ အမေက အပြေးလေး ထွက်လာတယ်။ သနပ်ခါးတွေ ဖွေးနေအောင်လိမ်းထားပြီး နှင်းဆီဖြူတစ်ပွင့် ပန်ဆင်ထားတဲ့အမေ့အပြုံးလှလှက အမြဲတမ်းအမောပြေစေတုန်း။ ကျွန်တော့်အရွယ် သားတစ်ယောက်အတွက် မိဘတွေ ကျမ်းမာနေသေးတာက ဘုရားပေးတဲ့ ဆုလာဘ်ပဲ မဟုတ်လား။

“အဖေရေ…တော့်သား ရောက်ပြီတော်”

အမေက နောက်ဖေးဘက် လှမ်းအသံပေးလိုက်ပေမဲ့ အဖေ့ကို မမြင်ရသေးပါဘူး။

“အမေတို့ နေကောင်းကြရဲ့လား”

“ကောင်းပါ့ရှင်…သားအဖေလဲ ဒေါင်ဒေါင်မြည်ပဲ”

“မောင် ဝမ်းသာပါတယ်ဗျား”

အမေ့ရင်ခွင်ထဲ ခေါင်းဝှေ့ချွဲလိုက်တာနဲ့ အမေက ဖွဖွပြန်ဖက်ပြီး…

“ကဲ မေ့သား နားအုံး…မောင် ကြိုက်တဲ့ ငါးသလောက်ဥဆီပြန်လေး ချက်နေတယ်”

“အား ဗိုက်တောင်ဆာလာပြီဗျာ”

ခေါင်းဝှေ့ချွဲနေတဲ့ ကျွန်တော့်မျက်နှာဆီ အမေက လက်နှစ်ဖက်နဲ့ ဖွဖွထိကိုင်လာပြီး...

“မအေကိုပဲ ကပ်ချွဲမနေနဲ့ အမေကလေ မြေးချီချင်ပြီ သားရဲ့”

“မောင်ကတော့ အမေ့ပဲ ချစ်ချင်သေးတာ”

“ကျေးဇူးရှင်လေး သိပ်အပြောကောင်းနော်...နှလုံးသားရေးက တစ်ခုခုမူမမှန်တာနဲ့ အမေ့ကို အရင်ဆုံး အသိပေးရမှာနော် အဲ့ကတိကို တည်သေးရဲ့လား မောင်”

“တည်သပဗျာ...မောင့်မှာ အခုထိ မစံပယ်ပဲရှိတာ”

“အမေ့ကို ရင်ကွဲအောင်တော့ မလုပ်ဘူးမို့လား”

“ရော်...ပြောပါအုံး...မစံပယ်မှာ ဘာတွေ စိုးရိမ်စရာရှိလဲ...မောင်စိုင်းဝဏ္ဏက မစံပယ်ကို ပျော်အောင်မထားဘူးလား...မောင့်ကို ပြောပါအုံး”

“ကဲ...ဒီကလေးကတော့လေ...အခုထိ ငယ်ကျင့်မပျောက်တာ...ဖအေနဲ့မအေကိုလဲ မရှောင်စနောက်နေတော့တာပဲ”

သားမိနှစ်ယောက် ရယ်ရင်းမောရင်း တစ်ယောက်ခါး တစ်ယောက်ဖက်ပြီး မီးဖိုထဲဝင်တော့မှ အဖေက ရေချိုးခန်းထဲက ထွက်လာတယ်။

"မောင့်ရဲ့ဗီဇ သို့မဟုတ် ဘေးအိမ်က ကောင်လေး"(COMPLETED)Where stories live. Discover now