Book Order Alert

23.3K 1.5K 83
                                    

UNICODE

🚨မောင့်ဗီဇအကြောင်း ပြောချင်လို့ပါ🚨

စာအုပ် အော်ဒါလေး စတင်လက်ခံရင်ထပ်ပြီး အသိပေးပါအုံးလို့ အသွဲ့ကို တောင်းဆိုထားကြတာကြောင့် အသွဲ့ ထပ်သတိပေးပါရစေနော်။

မောင့်ဗီဇကို New Chapter ကဏ္ဍသစ်ကနေ မှာယူလို့ ရပါမယ်ရှင်။

အော်ဒါစတင် လက်ခံမဲ့နေ့က ၂၆.၁၁.၂၀၂၁ ဖြစ်ပါတယ်။ အမှာစာစတင်လက်ခံမဲ့ အချိန်ကတော့ အဲ့နေ့ ညနေ ၆:၂၂ မိနစ်တိတိမှာ ဖြစ်ပါတယ်ရှင့်။

*****

နှစ်သက်သူတွေ အားလုံး နားလည်လွယ်အောင် အသွဲ့က နည်းနည်းလောက် ထပ်ရှင်းပြပါရစေ။ အသွဲ့ကို ခဏလောက် အချိန်လေး ပေးပါနော်။

နံပါတ် ၁- မှာယူမဲ့သူ အားလုံးဟာ မဖြစ်မနေ Pre Order Form ဖြည့်ရပါမယ်။

နံပါတ် ၂- Early Bird ထဲ ဝင်ချင်တာဖြစ်ဖြစ်၊ SG ပေးချင်တာဖြစ်ဖြစ်၊ ငွေခွဲသွင်းတာဖြစ်ဖြစ်၊ ငွေအကျေချေတာဖြစ်ဖြစ်၊ ဖောင်ဖြည့်ဖို့ အဆင်မပြေလို့ Viber က ဝယ်ယူချင်တာဖြစ်ဖြစ် ဘယ်လိုနည်းလမ်းနဲ့ ဝယ်ဝယ် ပစ္စည်းအပြည့်အစုံ Pre Oder မှာ ရသမျှ ပစ္စည်း အားလုံး တန်းတူ ရပါမယ်။

နံပါတ် ၃- Early Bird က ၂၀၀ ခေါ်ယူပါတယ်ရှင်။ ပထမဆုံး Pre Order Form ဖြည့်သူ ၁၀၀ + Full Payment အစောဆုံးသွင်းသူ ၁၀၀ ပါ။ အဲ့လူ ၂၀၀ က ခုနထက် ဘာသာသွားလဲ မေးရင် အသွဲ့ ရေးပေးမဲ့ မေတ္တာစာကလေး ရရှိမှာပါ။ ကွာခြားချက်က ဒါပါပဲရှင်။ ဒီတစ်ခုလေးသာ ကွာတာပါ။ ဘာလို့ ၂၀၀ ပဲ ပေးသလဲဆိုရင် လက်ရေးမူ ဖြစ်တာကြောင့် အသွဲ့ ဒီလောက်ပဲ ရေးနိုင်လို့ပါရှင်။ နားလည်ပေးမယ်လို့ အသွဲ့ဖြင့် မျှော်လင့်လျက်ပါ။

နံပါတ် ၄- Form ဖြည့်ဖို့ အဆင်မပြေလို့ Viber ကနေ ဝယ်ယူချင်သူနဲ့ Surprise Gift ဝယ်ယူချင်သူ နှစ်မျိုးနှစ်စားကတော့ Early Bird ခံစားခွင့် ဖြစ်တဲ့ အသွဲ့မေတ္တာစာလေး တစ်ခုတော့ မရနိုင်ပါဘူးရှင်။ ကျန်တာအားလုံး ရပါတယ်ရှင့်။ ဒါလေးကလဲ အများနဲ့ လုပ်ရတာ ဖြစ်တဲ့အတွက် နားလည်ပေးမယ်လို့ မျှော်လင့်ပါတယ်ရှင်။

Early Bird ၂၀၀ ထဲ ဝင်ဖို့ ပြောပြရမယ်ဆိုရင်...

Full Payment ငွေအပြည့် ချေပြီး ၁၀၀ ထဲ ဝင်ချင်တဲ့ လူက ၂၆ ရက်နေ့ နေ့လယ်ခင်း New Chapter ပေ့ခ်ျမှာ Bank Acc တွေ စတင်တာ မြင်တာနဲ့ ငွေကြိုလွှဲထားလို့ ရပါပြီ။ ည ၆:၂၂ မိနစ် အော်ဒါ စတင်လက်ခံတဲ့ အချိန်ကျရင် Payment Form ကို တန်းဖြည့်လို့ ရပါတယ်။ ပြီးရင်တော့ Pre Order Form ဆက်ဖြည့်ရပါမယ်ရှင်။

"မောင့်ရဲ့ဗီဇ သို့မဟုတ် ဘေးအိမ်က ကောင်လေး"(COMPLETED)Where stories live. Discover now