ဗီဇရဲ့မောင် - ၅

20.9K 1.8K 174
                                    

UNICODE

ပိတ်လှောင်မှုဆိုတာ

မောင် ဖွင့်‌မှ ပွင့်တဲ့

စိတ်တံခါးတွေလိုပေါ့။

အိပ်မက်တွေအထိ ပါးချိုင့်လေးဟာ

ယိမ်းထိုးလာတယ်။

ရူးသွပ်ခြင်းကို အရောင်တင်ပေးတယ်။

အဲ့ဒီ့ ရေမြေခြားကနေ နေ့စဉ်

စိတ်နဲ့ ကမ်းတဲ့ အနမ်းလေး

မောင့်ဆီ ရောက်ရဲ့လား။

စိတ်နဲ့ စမ်းတဲ့ နဖူးလေး

ကိုယ်ပူလေး နွေးနေမလား။

စိတ်နဲ့ ပိုတဲ့ မေတ္တာဟာ

အထိခိုက် ကင်းရဲ့လား။

စိတ်နဲ့ ပွေ့တဲ့ ကိုယ်ငွေ့လေး

မောင် ခံစားရရဲ့လား။

စိတ်နဲ့ ပြောတဲ့ အချစ်စကား

မောင်မှ ကြားရဲ့လား။

ပျော်ရွှင်မှုဆိုတာ ကိုယ့်အတွက်တော့ ...

ကတီပါထက်က ခြေဖမိုးလေးမှာ တွေ့ရတယ်။

ဂျူတီကုတ်လေးမှာ တွေ့ရတယ်။

ပါးချိုင့်နက်နက်လေးမှာ တွေ့ရတယ်။

ကျောပြင်လေးဟာ ငေးမဝစရာ။

သိမ်မွေ့တဲ့ လှုပ်ရှားမှုတိုင်းဟာ ငြိတွယ်ချင်စရာ။

လက်သည်းခွံ ကြည်ကြည်လေး‌ဟာ တပ်မက်စရာ။

ရယ်သံချိုဟာ ထုတ်ပိုး သိမ်းဆည်းချင်စရာ။

နဖူးပြေပြေဟာ နမ်းရှိက်ချင်စရာ။

စိတ်နဲ့ ထိမိတဲ့ မျက်တောင်တွေဟာ

မြတ်နိုးမဝစရာ။

မောင် ပြုံးရင် ပန်းတွေ ဝေတယ်။

ခုန်ချချင်တဲ့ ဆန္ဒတွေဟာ

မောင့်ပါးချိုင့်လေးဆီမှာ။

မောင်တစ်ချက် ငိုင်တဲ့အခါ

ဒီကောင့်ဘဝဟာ မလူးလွန့်သာ။

မောင်ငိုတာ မြင်တဲ့အခါ

ငရဲရှိရာ

ပျော်ပျော်ကြီး ဝပ်ဆင်းခဲ့တာ။

"မောင့်ရဲ့ဗီဇ သို့မဟုတ် ဘေးအိမ်က ကောင်လေး"(COMPLETED)Where stories live. Discover now