Part 34(Unicode+Zawgyi)

65.4K 6.8K 1.5K
                                    

UNICODE

"မောင်"

"မောင်"

ဘေးကနေ ညင်ညင်သာသာ လှုပ်နှိုးနေသူကြောင့် ကျိန်းစပ်နေတဲ့ မျက်လုံးကို အားယူဖွင့်နေတုန်း ခြံအပြင်ဆီက အော်ခေါ်သံတစ်ခုက နားစည်ထဲ အလုံးအရင်း ဝင်လာတယ်။

"ဒေါက်တာလေး...ဗျို့ ဒေါက်တာလေး"

ပိုရှင်းလင်းလာတဲ့ အော်ခေါ်သံအဆုံး...

"အပြင်မှာ မောင့်ဖောက်သည်တွေ ရောက်နေတယ်"

ဇကို ခေါင်းညိတ်ပြီးနောက် လူးလဲထပြီး နာရီကြည့်တော့ ည တစ်နာရီ။ ဘေးကပုဂ္ဂိုလ်ကတော့ ဘယ်ချိန်ကြည့်ကြည့် အိပ်ချင်နေတဲ့ပုံ၊ နွမ်းနယ်နေတဲ့ပုံမရပါဘူး။ ကျွန်တော်နဲ့အတူ နာရီလိုက်ကြည့်ပြီး မှုန်ကုပ်နေတာကြောင့် ပြုံးမိသေးတယ်။ နှစ်နှစ်ခြိုက်ခြိုက် ကျွန်တော်အိပ်နေတုန်း နှိုးလိုက်ရလို့ စိတ်ကောင်းဟန်မတူ။ အပြင်က အော်ခေါ်သံ ထပ်ထွက်လာတော့ ဇက အရင်ထပြီး တံခါးသွားဖွင့်တယ်။

"ဒေါက်တာလေး ရှိလား"

"ရှိတယ်"

ခြံထဲက လျှံထွက်လာတဲ့ အသံတွေကြောင့် အင်္ကျီကို သပ်ရပ်အောင် ဆွဲဖြန့်၊ မျက်မှန်ကောက်တပ်ပြီး ကျွန်တော် ကမန်းကတန်း ထွက်လာရတယ်။ တော်ကြာ မှုန်ကုပ်နေတဲ့ လူဆိုးကြောင့် လူနာတွေ ထွက်ပြေးသွားပါအုံးမယ်။ အပြင်ရောက်တာနဲ့ မြင်လိုက်ရတာက အိမ်နီးချင်းတွေ။

"ဟုတ်ကဲ့ ဘမြ"

ကျွန်တော့်အသံကြားတော့ ဘမြက အနားကို တုန်တုန်ခိုက်ခိုက်တိုးလာတယ်။ မျက်ဝန်းထဲက အရောင်တွေ မြင်လိုက်တာနဲ့ ကျွန်တော့်ရင်ထဲ ထိတ်ခနဲ။ ဘမြဆိုတာ ကျွန်တော်တို့အိမ်နဲ့ဆို သုံးအိမ်မြောက်ကပါ။ သဘောကောင်းပြီး ကူညီစောင့်ရှောက်ပေးတတ်လို့ ကျွန်တော့်အတွက်တော့ ရပ်ဆွေရပ်မျိုးလိုပါပဲ။

"ဒေါက်တာလေး...ကယ်ပါအုံး ဒေါက်တာလေးရယ်"

ပြောနေရင်း မျက်ရည်တွေ တလိမ့်လိမ့်စီးကျလာတာမြင်တော့ ဇလဲ လှုပ်လှုပ်ရှားရှားဖြစ်သွားတယ်။ ရုတ်တရက်မို့ ဘာလုပ်ပေးရမှန်းမသိ။ ယောက်ျားတွေ အသံမထွက်ဘဲ ငိုရင် ဘာကြောင့် ဝမ်းနည်းစရာကောင်းတာလဲ။

"မောင့်ရဲ့ဗီဇ သို့မဟုတ် ဘေးအိမ်က ကောင်လေး"(COMPLETED)Where stories live. Discover now