Part 51(Unicode+Zawgyi)

59K 5.7K 1.1K
                                    

UNICODE

Luggage ကို မွှေနှောက်နေသူရဲ့ နောက်ကျောကို ဘေးစောင်းအနေအထားနဲ့ အိပ်ရာပေါ်ကနေ ငေးကြည့်နေရတာ ကြည်နူးစရာ။ ဒီသုခဟာ ဝမ်းမြောက်စရာ။ ဒါပေမဲ့ သူ့လက်ထဲက ဘူးကြီးကို မြင်လိုက်တဲ့အခါ...

"ဟေး...ဇ"

ရယ်သံစွက်ပြီး ခေါ်လိုက်တော့ နှာခေါင်းကို ပွတ်ပြီး သူလဲ ရယ်နေတယ်။ ဇ လက်ထဲပါလာတာက နည်းတဲ့ Gel ဘူးကြီးလား၊ အဲ့နောက် ခပ်ရွယ်ရွယ် စက္ကူဂျပ်ဖာ တစ်ဖာ။ သူ့ Luggage က ဒီနှစ်ခုနဲ့တင် ပြည့်နေတော့မှာ။

အတွေးမဆုံးခင် စက္ကူဂျပ်ဖာလေးက ဆွဲဖွင့်ခြင်း ခံလိုက်ရပြီး သူ့လက်ထဲ ပါလာတာက အရောင်သွေးစုံတဲ့ အိတ်ခွံမျိုးစုံနဲ့ ကွန်ဒုံး အတွဲလိုက်ကြီး။ ကျွန်တော့် စိတ်ထင် အခု ၅၀၀ လောက် ရှိတဲ့ အတွဲကြီး။

ဒါက ဘာလဲ အထူးထုတ်လုပ်ထားတာလား တွေးမိတော့ ရယ်မိပြန်တယ်။ Gel ဘူးတစ်ဖက် ကွန်ဒုံးတွဲကြီး တစ်ဖက်နဲ့ ခပ်လှမ်းလှမ်းကနေ ပြန်ရယ်ပြနေတဲ့ ကောင်လေးကို ကြည့်ပြီး အိပ်ရာပေါ် လူးနေမိတယ်။ သူ့ဘာသူလဲ မထိန်းနိုင်သလို ရယ်နေပုံလေးက မြတ်နိုးစရာ။

ကျွန်တော်လဲ အများကြီး ဝယ်ထားသေးတာ။ အခု ဘယ်လိုလုပ်ရပါ့မလဲ။ သတ်မှတ်ချိန်အတွင်း မကုန်ရင် ဒိတ်လွန်ကုန်မှာလား။ ဒီလိုဆို ငွေတွေ နှမြောစရာ။ ငွေအသုံးစရိတ်ကို အချိုးချသုံးစွဲနေတဲ့ ဒုတိယအိမ်ထောင်ဦးစီးမို့ ငွေကို နှမြောသွားမိပေမဲ့ မဟုတ်ဘူး ကုန်အောင် သုံးမယ်လို့ တွေးမိတော့ မနေနိုင် မထိုင်နိုင် အပျိုဖြန်းတစ်ယောက်လို အိပ်ရာထဲမှာ ထပ်လူးမိပြန်ကော။ ကျွန်တော့်ကလေးက ကျွန်တော့်အတွေးကို သိတဲ့အလား သူပါ လိုက်ရယ်နေရင်း...

"Captain က ကုန်အောင် သုံးလို့ မှာလိုက်တယ်"

"ဘယ်လို"

"ဒိတ်မလွန်အောင် နေ့တိုင်း သုံးရင် ကုန်ပါတယ် မောင်ရဲ့"

မျက်စိတစ်ဖက် လှမ်းမှိတ်ပြတဲ့အခါ...

"ဟေး...ဇ"

အခုထိ Luggage နားမှာ ရပ်နေသူကို မစောင့်နိုင်တော့သလို သူ့ဆီ ဆင်းပြေးမိတယ်။ အခု သူ့ဆီ အကြားအလပ်မရှိ ခုန်ဝင်လိုက်မယ်လို့ တွေးထားပေမဲ့ ကြားလိုက်ရတာက Vibrate Mood On ထားတဲ့ ဖုန်းသံလေး။

"မောင့်ရဲ့ဗီဇ သို့မဟုတ် ဘေးအိမ်က ကောင်လေး"(COMPLETED)Where stories live. Discover now