Part 19 (Unicode+Zawgyi)

84.3K 8.9K 868
                                    

UNICODE

ဆေးရုံက ပြန်လာတော့ လမ်းမှာ မုန့်ကြာစိသည်တွေ့တာကြောင့် ဆိုင်ကယ်ခဏ ရပ်ပြီး ဆင်းဝယ်မိတယ်။ ကျွန်တော်က မုန့်ကြာစိ ကြိုက်တယ်။ ပါဆယ်တစ်ပွဲမှာပြီးမှ သတိရတယ်။ မနေ့က ညနေမှာ အိမ်ကို မကိုဋ် ရောက်လာသေးတယ်။ အပြင်က ပြန်လာပုံရပြီး မျက်နှာက ရှူတည်တည်နဲ့ ပင်ပန်းနေပုံပေါက်ပေမဲ့ သူ့လက်ထဲမှာ ကြက်ဆီထမင်းတစ်ပွဲ ကိုင်လို့။

ကျွန်တော့်အတွက်လားလို့ မေးတော့ " *ကြက်သမား* ကို ဘာဝယ်ကျွေးရမလဲ စဉ်းစားတော့ ဒါ့အပြင် ထွက်မလာလို့ မကြိုက်လဲ ဒါပဲစားလိုက်" ဆိုပြီး ဖုတ်ခနဲ ပစ်ချသွားပြီး ပြန်ထွက်သွားတယ်။

စေတနာ့ပျိုးခင်းက ပြန်ရောက်ပြီးတည်းက မကိုဋ်ကို ခပ်စိပ်စိပ် တွေ့ရပေမဲ့ သူ့မျက်နှာက တွေ့ကာစကလို ခပ်တည်တည် ပြန်ဖြစ်နေတယ်။ ယောင်ယောင်လေး နီးကပ်ခဲ့ဖူးပြီးနောက် ဒီတစ်လောမှ ကျွန်တော်တို့ ပြန်စိမ်းသက်နေသလို။ ကျွန်တော်လဲ ဘာအပြစ်လုပ်မိမှန်း ကိုယ့်ဘာသာ မသိတော့ သူစကားလာပြောရင် ပြန်ပြောလိုက်ပြီး သူမလာရင် ခေါင်းရင်းတံခါးဖွင့်ပြီး သူ့အိမ်ကို လှမ်းချောင်းဖြစ်တယ်။ တစ်ခါတလေ သူ့အိမ် ပြတင်း ဖွင့်ထားတာနဲ့ကြုံရင် ဧည့်ခန်းအလည်မှာ ဝမ်းလျားမှောက်ပြီး ကားကားကြီး အိပ်နေတာကို မြင်ရတတ်တယ်။ ပန်ကာကြီး တဝှီးဝှီးဖွင့်ထားတာမို့ အအေးပတ်ပြီးဖျားမှာ စိုးရိမ်ပေမဲ့ ဒီအတိုင်းပဲ လှမ်းကြည့်၊ စိုးရိမ်မိတယ်။

ကျွန်တော့်အိမ်က အဲကွန်းတပ်ထားပေမဲ့ မကိုဋ်အိမ်မှာ မရှိပါဘူး။ အိမ်ပိုင်ရှင်တွေက လာမနေဖြစ်သေးလို့ မတပ်ထားတာ နေမှာ။ မကိုဋ်က အပူမခံနိုင်ဘူး ထင်တယ်။ ကျွန်တော့် အိမ်ရောက်လာတိုင်း ပူတယ်ဆိုပြီး အဲကွန်းဖွင့်ခိုင်းတတ်တာကို တွေးမိတိုင်း ဂရုဏာသက်နေမိတယ်။ နွေရာသီမို့ ပဲခူးမြို့ရဲ့ နေ့တွေ၊ ညတွေက ပူပြင်းလှောင်မြိုက်လွန်းတယ်။ အတွေးကို လက်စသတ်ပြီး မကိုဋ်အတွက် မုန့်ကြာစိ နောက်တစ်ပွဲထပ်မှာလိုက်တယ်။

အစားကောင်းစားရင် ချစ်တဲ့သူကို သတိရတယ်တဲ့။ မုန့်ကြာစိက အစားကောင်းမဟုတ်သလို မကိုဋ်ကလဲ ချစ်တဲ့သူမဟုတ်ပါဘူး...မဟုတ်ပေမဲ့လို့ပေါ့လေ။

"မောင့်ရဲ့ဗီဇ သို့မဟုတ် ဘေးအိမ်က ကောင်လေး"(COMPLETED)Where stories live. Discover now