Thank You Letter & Announcement

35K 4.2K 1.3K
                                    

UNICODE

ဘာလိုလိုနဲ့  အသွဲ့နဲ့အတူ လိုက်ပါပေးခဲ့ကြတာ မောင်နဲ့ ဗီဇ ကလေးဘဝတည်းက အခုထိပဲနော်။ မောသွားကြပြီ ထင်ရဲ့လေ။ အချစ်ကလေးတို့ကို အသွဲ့က ပွေ့ဖက်ပါ့မယ်။

ဇာတ်ကြောင်းတစ်လျှောက်မှာ အသွဲ့နဲ့ အတူငိုကြ၊ အတူရယ်ကြ၊ အားမရကြ၊ အမှတ်တရတွေဟာ သိပ်များတာပဲ။ ပြောရမယ်ဆို မောင့်ဗီဇက အသွဲ့ရဲ့ ပထမဆုံး အိုစီ တစ်ပုဒ်ဖြစ်ခဲ့သလို စာအရေးအသား ပြောင်းထားတဲ့ ကိုယ့်ကိုယ်ကိုယ် အကြီးမားဆုံး စိန်ခေါ်မှုတစ်ခု ပြုလုပ်ခဲ့တာပါ။ အားလုံးလဲ သတိထားမိကြမယ် ထင်ပါတယ်။ တစ်ပုဒ်လုံးကို မောင့်ဘက်အခြမ်းကနေပဲ အသွဲ့က ချဉ်းကပ်ထားတာပါ။

မောင် ပျော်ရင် အသွဲ့တို့ အတူ လိုက်ပျော်ကြပြီး မောင်ငိုရင် အတူလိုက်ငိုကြတဲ့အထိပါပဲ။ တစ်ပိုင်းချင်း တစ်ပိုင်းချင်းမှာ မောင် ဇကို တူးဆွမိသလောက်ပဲ စာဖတ်သူလေးတွေကော အသွဲ့ပါ တွေ့မြင်ခဲ့ကြရတယ်၊ တူးဆွခွင့်ရခဲ့ကြတယ် မဟုတ်လား။

နောက်ဆုံးမှာ မောင်က ဇကို အားလုံးတူးဖော်ကြည့်ပြီးတဲ့အထိ ဇ ဘက်အခြမ်းတွေ အားလုံးကို မြင်အောင် မောင့်ရှူထောင့်ကနေ ရေးပေးခဲ့ပါတယ်။ စာဖတ်သူတွေလဲ မောင်အားလုံး သိသွားသလို သိသွားကြမယ် ထင်ပါတယ်။

ဒီနေရာမှာ မောင်နဲ့ ဇ ကာရိုက်တာ နှစ်ခုကို အတတ်နိုင်ဆုံး ပုံပေါ်အောင် ရေးပေးခဲ့ပါတယ်။ လူတွေမှာ မွေးရာပါ စရိုက်လက္ခဏာကို ပြောင်းဖို့ ခက်ကြပါတယ်။

တီကောင် ကြောက်တဲ့လူကို တီကောင်လေးများ ကြောက်နေတယ် မြွေလဲ မဟုတ်ဘဲလို့ အသွဲ့တို့ စနောက်ပြီးတောင် ပြောခွင့်မရှိပါဘူး။ အသွေးအသားထဲက သူ့ကြောက်ရွံ့မှုကို အသွဲ့တို့ ခံစားနှစ်သိမ့်ပေးနိုင်ရပါမယ်။ ဒါဟာ လူပီသခြင်းပါတဲ့။ အလွန်အမင်း အားနာတတ်သူ၊ မပွင့်လင်းတတ်သူ၊ ကြောက်တတ်သူ၊ ပင်ကိုယ်စရိုက် ငြိမ်းချမ်းသူ စသဖြင့် အသွဲ့တို့ ပတ်ဝန်းကျင်မှာ လူအမျိုးမျိုး စိတ်အထွေထွေဟာ တည်ရှိကြပါတယ်။ ဒါတွေကို လက်ခံပေးရမယ် မဟုတ်လားနော်။

ဒီနေရာမှာ အသွဲ့ ပြောချင်တာက မောင့်စရိုက်ပါ။ မောင်နဲ့ဗီဇက လုံးဝမတူညီတဲ့ စရိုက်လက္ခဏာ နှစ်ခုပါ။

"မောင့်ရဲ့ဗီဇ သို့မဟုတ် ဘေးအိမ်က ကောင်လေး"(COMPLETED)Where stories live. Discover now