Part 24 (Unicode+Zawgyi)

91.9K 8K 3.7K
                                    

UNICODE

အိမ်ပြန်ရောက်ကတည်းက သူ့ပေါင်ပေါ် ပွေ့တင်ထားပြီး ဒီအတိုင်း ထိုင်နမ်းနေတာ တကယ်ကို နာရီဝက်လောက် ရှိပြီ။ အရင်ရက်တွေထက် ဘာ, သာသွားလဲမေးရင်တော့ သူ့အနမ်းတွေက ကျွန်တော့်နှုတ်ခမ်းဆီမှာ တောက်လျှောက် ပြိုဆင်းနေတာပါပဲ။ မြင်းဇောင်းက လွှတ်လိုက်တဲ့ သန်မာတဲ့မြင်းတစ်ကောင်လို အနမ်းဟာ ကျွန်တော့် နှုတ်ခမ်းသားတွေပေါ် ကြမ်းတမ်းခုန်ပေါက်နေပေမဲ့ ပူထူလာတဲ့ နှုတ်ခမ်းတစ်စုံကလွဲရင် ဇက ကျန်တာကို စိတ်ဝင်စားပုံမရ။ ဒီလိုဆို ဘာလို့အလျင်စလို အိမ်ကိုပြန်လာသေးတာလဲ။ ဘာလို့ချစ်ကြမယ်လို့ ပြောသေးလဲ။ လူကို ခဏခဏ ထွေပြားအောင် ဘာလို့လုပ်နေသေးလဲ။ ခဏကြာတဲ့အထိ နင့်နင့်သည်းသည်း ထပ်အနမ်းခံပြီးနောက် သည်းမခံနိုင်တော့တဲ့စိတ်နဲ့ သူ့ရင်ဘတ်ကို လက်ဖနောင့်နဲ့ အသာတွန်းထားရင်း...

"မင်းက အာသဝေါကုန်ခမ်းနေတာလား"

"မဟုတ်တာ"

"ဒါဆို နမ်းဖို့ပဲလား"

မကျေမနပ်မေးပစ်တော့ ဇက ကြည်ကြည်လင်လင် မော့ကြည့်လာပြီး...

"အင်း"

"တကယ် နမ်းဖို့ပဲလား"

"တကယ် နမ်းဖို့ပဲ"

"မင်း"

နဖူးကို ထုချလိုက်တော့ ရယ်နေတယ်။ သူ ကျွန်တော့်ကို စနောက်နေတာလား။ မျက်နှာက ဝင်းပနေပြီး တကယ်ကို သူ ဘာအပြစ်မှ လုပ်မထားတဲ့ရုပ်မျိုး။ အမျိုးမျိုးတတ်နိုင်တဲ့ကောင်။

"ငါ ရေချိုးတော့မယ်"

"အင်း မြန်မြန်ချိုး"

ခေါင်းညိတ်ပြပြီး ရှေ့ကထွက်သွားတော့လဲ အနောက်ကနေ လေလေးချွန်ပြီး ပါလာတာပဲ။ သူပျော်နေပေမဲ့ ကျွန်တော် မပျော်နိုင်တာ ဘာလို့လဲ။ တစ်ခုခုမှားယွင်းပစ်ဖို့ ကျွန်တော်တို့နှစ်ယောက်မှာ လောင်စာကောင်း မရှိဘူးလား။ ဒါနဲ့များ အိမ်ပြန်ရအောင်ဆိုပြီး အလောသုံးဆယ် လက်ဆွဲပြေးလာသေးတယ်။ အလကားကောင်။

မကျေမနပ် ပြန်လှည့်ကြည့်တော့ သူ့မျက်နှာမှာ တစ်ခုခုကို ချုပ်တီးထားရတဲ့ ဘယ်လိုအရိပ်မျိုးကိုမှ မမြင်ရပါဘူး။ ယောက်ျားနှစ်ယောက်ဟာ ဒီလိုပဲ အနမ်းတစ်ခုတည်းနဲ့ ခရီးဆက်နိုင်ပါသလား။ ကျွန်တော်တို့ နှစ်ယောက်ကျမှ ဘာကြောင့် ဒီလောက် ခက်ခဲနေပါသလဲ။ ကျွန်တော် လောဘကြီးနေတာ ကိုယ်ဘာသာ သိပါတယ်။ ဖြည်းဖြည်းချင်းသွားရမဲ့ ခရီးမှန်းသိပေမဲ့ ချစ်ဖို့ တောင်းဆိုထားတဲ့ မျက်ဝန်းတွေကို တစ်စက်မှ မေ့လို့မရ။ တကယ်ကို တစ်ခုခုဖြစ်ကြတော့မလိုပုံစံမျိုးနဲ့ အားနဲ့မာန်နဲ့ ပြန်ပြေးလာပြီးခါမှ...ဒါက အဓိပ္ပါယ် မရှိဘူးလေ။

"မောင့်ရဲ့ဗီဇ သို့မဟုတ် ဘေးအိမ်က ကောင်လေး"(COMPLETED)Where stories live. Discover now