Part 36(Unicode+Zawgyi)

73.9K 7K 2.7K
                                    

UNICODE

အဖေက မသိချင်ယောင် ဆောင်ခိုင်းထားပေမဲ့ စိတ်ကဘယ်လိုမှ အဆင်မပြေ။ အမေ နေကောင်းရဲ့လား။ အမေ သက်သာပါ့မလား။ ဘယ်လိုနှစ်သိမ့်ရင် အမေ စိတ်ကျေနပ်ပါ့မလဲ အတွေးပေါင်းစုံနဲ့ နောက်ဆုံးတော့ ဖြစ်ချင်ရာဖြစ် ထမင်းစားနားတဲ့အချိန် အမေ့ဆီ ဖုန်းခေါ်ဖို့ ကြိုးစားမိတယ်။

"ဟယ်လို"

ကြည်ကြည်လင်လင် ကြားလိုက်ရတဲ့အသံပါပဲ။

"နေကောင်းရဲ့လားအမေ"

"ကောင်းပါ့မောင်ရယ်...သားကော"

အခါများစွာလို မေတ္တာတွေနဲ့ ကျွန်တော့်ကို အေးမြစေတုန်းပါပဲ။

"မောင်လဲ နေကောင်းတယ် အမေ၊ ဒါနဲ့ အမေ အခု ဘယ်မှာလဲ"

"ဟဲ့...ဘယ်မှာရမှာလဲ၊ နယ်မှာပေါ့ မောင်ရယ်၊ ဘာလို့တုံး"

"ဒီလိုပါပဲ မစံပယ်ကို လွမ်းလို့"

အမေ့ဘက်က ရယ်သံလွင်လွင် ထွက်လာတယ်။ ဒီလိုဆိုတော့လဲ စိတ်သက်သာရာ ရသွားသလိုပဲ။ အဖေသာ ကြိုမပြောထားရင် အမေ့အခြေအနေကို ခန့်မှန်းလို့ ရမှာမဟုတ်။ ဘယ်လောက်တောင် ဖိကြိတ်မြိုသိပ်ထားရပါသလဲ။ ဒါကပဲ အမေတို့အရွယ်တွေအတွက် ရင့်ကျက်ခြင်း ပြယုဂ်တစ်ခုလား။ တစ်ယောက်တည်း မချိပြုံး ပြုံးနေဆဲ အမေ့ဆီက အသံထွက်လာတယ်။

"အမေလဲ လွမ်းတာပေါ့ မောင်ရယ်၊ ဒါ့ထက် ဟိုတစ်ခါ အမေ သားကို ပြောစရာရှိတယ်လို့ ပြောဖူးတာ မှတ်မိလား"

အမေ့စကားကြောင့် ရင်ထဲ ဒိန်းခနဲ ဖြစ်သွားပေမဲ့...

"ဟုတ် အမေ"

"သား အဘွားက အမေ့ဖုန်းထဲ ပုံလေးတွေ ထည့်ပေးလိုက်တယ်၊ သူ့မိတ်ဆွေတွေရဲ့ မြေးမလေးတွေမို့ မောင့်ကို ပြလိုက်ပါတဲ့၊ သုံးယောက်တောင်သိလား၊ ဆရာဝန်မလေးတစ်ယောက်၊ အင်ဂျင်နီယာမလေးတစ်ယောက်၊ ဘဏ်မန်နေဂျာမလေးကတစ်ယောက် မောင်ရယ်၊ လှပေ့ဆိုတဲ့ အဖိုးတန်လေးတွေချည်းပဲ အမေဖြင့် သိပ်သဘောကျတာပဲ၊ ငါ့သား စိတ်ကြိုက်ရွေးလို့ရတယ်သိလား"

အမေ ကျွန်တော့်ကို ဒီလို စမ်းသပ်လာတာလား။ ကျွန်တော်ပြောမဲ့စကားတွေကို ရိပ်မိလို့ ဒီလို ကြိုကာလေသလား။ ဇနဲ့သာ မတွေ့ခဲ့ဘူးဆိုရင် "အမေ ကြိုက်တာရွေးလိုက်၊ အမေကြိုက်တဲ့တစ်ယောက်နဲ့ မောင် လက်ထပ်ပါ့မယ်" လို့ ရယ်ရယ်မောမော ပြန်ပြောမိလေမလား။ သက်မမောကို အမေ,မသိအောင် ခိုးရှိုက်မိတုန်း အမေ့ဆီက အသံထပ်ထွက်လာတယ်။

"မောင့်ရဲ့ဗီဇ သို့မဟုတ် ဘေးအိမ်က ကောင်လေး"(COMPLETED)Where stories live. Discover now