ဗီဇရဲ့မောင် - ဇာတ်သိမ်းပိုင်း

60K 2.7K 378
                                    

UNICODE

ခန်းမထဲ ရောက်တာနဲ့ မောင့်ကို နေရာချပေးရတယ်။ ဟိုနားဒီနားက လက်လှမ်းပြနေတဲ့ မိတ်ဆွေတွေကို အသာခေါင်းညိတ်ပြရတယ်။ မောင်နဲ့ သူကသာ နောက်ကျနေတာ။ ပရိသတ်တွေက အဆင်သင့် ဖြစ်လှပြီ။

"ခဏစောင့်နော်၊ ဟိုမှာ သူငယ်ချင်း ခေါ်နေလို့၊ ကိုယ် ခဏလေး သွားမယ်နော်"

ခေါင်းမညိတ် ခေါင်းမခါ အိမ်ဦးသက်လျာကို တစ်ချက်ငုံ့နမ်းပြီး အနားက လစ်ထွက်လာမိတယ်။ အနောက်ဘက် ရောက်တာနဲ့ ကျောင်းနေဖက်တွေက ဝိုင်းပြီး ဂုဏ်ပြုကြလို့ အသည်းအသန် တားရသေးတယ်။ တီးဝိုင်းသမားက ...

"Jones အဆင်သင့်ပဲလား"

"အဆင်သင့်ပဲ"

နှစ်ဖက်အသိုင်းအဝိုင်း မပါပေမဲ့ အခုက သူ့ကျောင်းနေဖက်တွေနဲ့ မောင့်အတန်းဖော်တွေ ပါဝင်နေတဲ့ ပွဲလေး။ မီးရောင်မှိန်ပြပြက တစ်ချက်နှစ်ချက် ကစားပြီးနောက်မှာ တီးဝိုင်းအလယ်မှာ သူက နေရာယူပြီးသား။ အားလုံးက သတိအနေအထားနဲ့ ငြိမ်ကျသွားတယ်။

တီးဝိုင်းနဲ့ သီချင်းဆိုလေ့ မရှိဖူးတာမို့ နှလုံးခုန်က မြန်ချင်လာတယ်။ သူ့ဆီမှာ မောင် အမက်မောဆုံး ဆိုတာ သူ ရေးဆွဲတဲ့ ပန်းချီတွေနဲ့ ဂီတာတီးပြီး ဆိုပြတတ်တဲ့ သံစဉ်တွေပါပဲ။ ပေးချင်တယ်။ မောင့်အတွက်ဆို သံစဉ်နဲ့ ပန်းချီတွေ အမြဲ လက်ဆောင်ပါးချင်တယ်။

ဒီလို တီးဝိုင်းကြီး အလယ်မှာ ချစ်သူကောင်လေးက သီချင်းဆိုပြပြီး မိန်းကလေးဆီ ချစ်ကြောင်း ဝန်ခံကြပုံတွေ မြင်တိုင်း အခါများစွာမှာ မောင့်ကို လွမ်းလို့ ဘယ်လောက်များ ကြိတ်ရူးခဲ့ရတယ် မှတ်လဲ။ အခုတော့ ဒီအခွင့်အရေးဟာ သူ့ရှေ့မှာ။ ထိရှသွားမဲ့ မောင့်မျက်နှာလေးကို မြင်ချင်လှပြီ။ မရိုးနိုင်တဲ့ မေတ္တာတွေနဲ့ မောင့်ကို ချစ်ပြချင်လှပြီ။

ဂီတာသံလေး စထွက်လာတော့ မျက်ဝန်းတွေ စင်ပေါ် ရွေ့လာကြတယ်။ လှမ်းကြည့်တဲ့အထဲ မောင့်မျက်ဝန်းလေး ရွေ့လာတာနဲ့ ...

🎵Another day without your smile

Another day just passes by

But now I know how much it means

"မောင့်ရဲ့ဗီဇ သို့မဟုတ် ဘေးအိမ်က ကောင်လေး"(COMPLETED)Where stories live. Discover now