Part 13(Unicode+Zawgyi)

105K 10.6K 1.2K
                                    

UNICODE

ည ၁၂ နာရီ။

မီးက ဖျတ်ခနဲ ပြတ်သွားတာကြောင့် တစ်ချက်သန်းဝေလိုက်ပြီး ဖတ်လက်စ ဆေးစာအုပ်ကို ပိတ်လိုက်တယ်။ အားသွင်းထားတဲ့ မီးအိမ်လေးကို ဖွင့်တယ်။ အညောင်းအညာ တစ်ချက်ဖြေပြီး သင်ဖြူးဖျာလေးပေါ် လှဲချလိုက်မိတယ်။

“အား…ကောင်းလိုက်တာ”

ညောင်းညာနေတဲ့အခါ သင်ဖြူးဖျာပေါ် လှဲချရတဲ့ အရသာက ဘာနဲ့မတူ။ ဖျာ အများဆုံးယက်ကြတဲ့ ဧရာဝတီတိုင်းမှာ မွေးခဲ့လို့ပဲ ဖျာကို တန်းတန်းစွဲ မြတ်နိုးမိသလား မပြောတတ်။ နေရာတွေ ရွေ့ပြောင်းထမ်းဆောင်ရပေမဲ့ သင်ဖြူးဖျာတစ်ချက်က ကျွန်တော်နဲ့အတူ အမြဲပါတယ်။

ပက်လက်လှန်ထားပြီး ခြေထောက်နှစ်ချောင်းကို စုံလိုက် အပေါ်မြောက်၊ အောက်ပြန်ချ ငါးကြိမ်လောက် လုပ်အပြီးမှာ ညောင်းနေတာ သိသိသာသာ လျော့သွားတယ်။

အဲ့အချိန်လေးအတွင်း…

“ဒုန်း…ဒုန်း…ဒုန်း”

“ဒုန်း..ဒုန်း…ဒုန်း”

လူနာရောက်တယ်ဆိုတဲ့ အသိကြောင့် လူးလဲထမိတယ်။ လူနာတချို့ ညဘက် အဖျားတက်ရင် ကျွန်တော့်ကို လာလာနှိုးလေ့ရှိကြတယ်။ အိမ်ကို မလာဖို့ ကျွန်တော်က တားမြစ်မထားတော့ အရေးကြီးတိုင်း ရောက်လာကြတာပဲ။ အခုလဲ လူနာပဲ နေမှာ။

“ဘယ်သူလဲဗျ”

“….”

“လူနာပြမလို့လားဗျ”

“ဒုန်း..ဒုန်း…ဒုန်း”

ပြန်မဖြေဘဲ တံခါးကိုပဲ အဆက်မပြတ် ထုနေတော့…ခေါင်းကုတ်ပြီး တံခါးလက်ကိုင်ဘုကို လှည့်ဖွင့်မိတယ်။ နေစမ်းပါအုံး…လူနာတွေဆို ခြံတံခါးက ဘဲလ်ကို နှိပ်ကြမှာပေါ့…အခုက အိမ်တံခါးကို ထုတာလေ။ တွေးရင်းမှ တစ်စုံတစ်ခုကို သဘောပေါက်သွားပြီး တံခါးရွက်ကို ဆွဲဖွင့်လိုက်တော့…

ဆံပင်တွေကို သရေကွင်းနဲ့ နောက်မှာ ဖြစ်သလို စုချည်ထားပြီး စွပ်ကျယ်အပွတစ်ထည်နဲ့ ဒူးဆစ်လောက် ဂျင်းဘောင်းဘီကို ဝတ်ထားတဲ့ မကိုဋ်။ မြင်ဘူးထားတဲ့ ပုံစံတွေနဲ့ ကွဲလွဲနေတဲ့ နောက်ထပ် ပုံစံတစ်မျိုးနဲ့တောင် ကြည့်ကောင်းနေဆဲ။ ထုံးစံအတိုင်း မျက်ဝန်းတွေကို မှေးစင်းထားပြီး…သူ့ ဘယ်ဘက် လက်ဖဝါးကို မေးငေါ့ပြတယ်။

"မောင့်ရဲ့ဗီဇ သို့မဟုတ် ဘေးအိမ်က ကောင်လေး"(COMPLETED)Where stories live. Discover now