Part 48(Unicode+Zawgyi)

57.6K 6.1K 1.7K
                                    

UNICODE

နှစ်ယောက်သား ဒေါင်းတောက်အောင် ပင်ပန်းတဲ့ ရက်တွေကို ပြပါဆို အဲ့ဒီရက်တွေပါပဲ။ ကျွန်တော် ကိုယ်တိုင်က အစိုးရဝန်ထမ်း တစ်ယောက်မို့ နှုတ်ထွက်စာတင်ဖို့၊ ဘွဲ့ပြန်လျော်ဖို့ နေပြည်တော်ကို ပြေးရလွှားရသလို၊ ကျော်ချမှ ရမဲ့ တချို့ ဖြစ်စဉ်တွေကို မဖြစ်ဖြစ်တဲ့နည်းတဲ့ ကျော်ဖို့ အားထုတ် ကြိုးပမ်းခဲ့ရပါတယ်။ သူ့နောက်လိုက်ဖို့ ဗီဇာ ပြင်ဆင်ရတာ နည်းနည်းလေးမှ မလွယ်ကူခဲ့သလို နှစ်ယောက်သား အပူလုံးဆို့ပြီး လျှာထွက်မတတ် ပင်ပန်းခဲ့ပေမဲ့ အမေက 'မောသလား မောင်နဲ့ဗီဇ' လို့ မေးတိုင်း သံပြိုင်ဖြေလေ့ရှိတာက...

"မမောဘူး အမေ"

ဒီလို ပြန်ဖြေကြတိုင်း မစံပယ်ရဲ့ မျက်စောင်းတစ်ချက် ဒိုင်းခနဲ ရောက်လာခြင်းနဲ့အတူ...

"မမောရင်လဲ ချွေးလေးဘာလေး သုတ်ကြအုံး၊ တကတည်း" ဆိုတဲ့ စကားကို ချစ်စဖွယ် မမေ့မလျော့ ဆိုတတ်ပါသေးတယ်။

နိုင်ငံရပ်ခြားဆိုလို့ ဆေးကျောင်းသား ဘဝမှာ သူငယ်ချင်းတွေနဲ့ ဘန်ကောက်နဲ့ စင်္ကာပူကို Short Trip ထွက်ဖူးတာက လွဲလို့ မြန်မာပြည်ထဲပဲ ကျင်ကျင်လည်လည် သွားလာဖူးတဲ့ ကျွန်တော်က နိုင်ငံကူးဖို့ ကိစ္စအထွေထွေကို ဗီဇ ဦးဆောင်လုပ်ပေးတဲ့အတိုင်း ငြိမ်ငြိမ်လေး နာခံရုံ၊ တက်ညီလက်ညီ လိုက်လုပ်ရုံကလွဲ တခြားမရှိပါဘူး။ ခြေတိုအောင် ပြေးလွှားကြရင်း အရာအားလုံးဟာ ကျွန်တော့် အိမ်ထောင်ဦးစီးလေးရဲ့ ဦးဆောင်မှုအောက်မှာ သက်ပြင်းတစ်ချချ။

ကပ်နေတဲ့ ကာလအပိုင်းအခြားနဲ့ ခက်ခဲတဲ့ ဥရောပဝင်ခွင့်အတွက် နည်းလမ်းမျိုးစုံ ထုတ်သုံးရပုံတွေက ပြန်ပြောင်းပြောရင် မယုံနိုင်စရာ၊ တစ်ထောင့်တစ်ည ပုံပြင်တွေထက် ရှည်လျားကုန်တော့မှာ။ နှစ်ယောက်သား တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်၊ ပြေးလိုက်လွှားလိုက်၊ တစ်ယောက်ကို တစ်ယောက် ဖက်ပြီး အားပေးလိုက်နဲ့ ကိုယ်စီ ရင်တွင်းအပူတွေဟာ ဥရောပအထိ ကူးစက်ပျံ့နှံ့ခဲ့တယ် ထင်ပါရဲ့။

မနေနိုင်တဲ့အဆုံး အရင်ပြန်ရောက်နေကြတဲ့ စိမ့်ဝတီနဲ့ ဦးလက်ယာက ဟိုဘက်ကနေ နည်းလမ်းမျိုးစုံနဲ့ ဝင်ကူပေးကြမှ ဒီကိစ္စဟာ သီသီကလေး ကပ်ပြီး အဆင်ပြေသွားခဲ့တာ။ အဲ့တော့မှ နှစ်ယောက်သား အိပ်ရာပေါ်လှဲချ ပန်းသမျှ ပြေ၊ နွမ်းသမျှ ပြန်ဝေဖို့ အတူရယ်မောနိုင်ခဲ့တာ။ တကယ်ဆို ယောက္ခထီးနဲ့ စိမ့်ဝတီ ကျေးဇူးတွေလဲ ပါပါတယ်။ အဲ့ကာလတွေမှာ ဇ တဖွဖွ ပြောတတ်တာက...

"မောင့်ရဲ့ဗီဇ သို့မဟုတ် ဘေးအိမ်က ကောင်လေး"(COMPLETED)Where stories live. Discover now