Part 25(Unicode+Zawgyi)

90.3K 7.5K 672
                                    

UNICODE

"အမေတို့ ပြန်လာနေပြီ မောင်"

"အဘွား သက်သာလား"

"အမယ်လေး သက်သာပတော်"

"အမေ အဆင်ပြေရဲ့လား...အဘွားနဲ့ ရန်ဖြစ်ခဲ့ရဲ့လား"

"အမယ်လေး မစံပယ်က ခေသူမဟုတ်လေ မောင် သိတယ်မလား...ဘယ်ရမလဲ ဒေါ်စက်ရတနာကို ပြုစုပြီးမှ ပြန်လာလိုက်တယ် ဟွန်း"

အမေ့အသံစာစာရဲ့ဘေးမှာ အဖေ့ရယ်သံပါ ကပ်ပါလာတယ်။ ဒါက မစံပယ်တို့လင်မယား တောင်ကြီးမှာ အဆင်ပြေခဲ့ကြတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲမဟုတ်လား။

"မစံပယ် အတော်ဆုံး"

အမေ့ဆီက ရယ်သံကျယ်ကျယ်က ဖုန်းထဲကတစ်ဆင့် နားစည်အထိ အေးမြစွာ စီးဝင်တယ်။ တကယ်ဆို အမေတို့ကို လွမ်းနေပြီ။ မတွေ့ရတာ အတော်ကြာနေပြီ။ အချစ်နဲ့အသားကျ ပျော်ရွှင်နေပြီဆိုတိုင်း မလွမ်းဘူးတော့ ဘယ်ဟုတ်ပါ့မလဲ။

"သား အလုပ်ပြန်ဝင်ပြီလား"

"ဝင်ပြီအမေ"

"နယ်မှာ စားရေးသောက်ရေးကော အဆင်ပြေခဲ့ရဲ့လား"

"အဲ့တာကလေ...အဲ့တာက...မောင် အဆင်ပြေခဲ့ပါတယ်"

"အေးအေး ငါ့သား အမေတို့နဲ့ အတူမသွားတာတော့ စိတ်မကောင်းဘူး"

"စောင့်ချင်ပေမဲ့ ခွင့်ပြည့်သွားလို့ပါ မစံပယ်ရယ်"

"အေးပါ အေးပါ...ဒီကြားထဲ မနေနိုင်လို့ လွမ်းရင် အမေတို့လင်မယား အခြောက်အခြမ်းလေးချက်ပြီး ပဲခူးလာခဲ့အုံးမယ်"

"အာ...အမေ့"

အနည်းငယ် ကျယ်သွားတဲ့အသံလှိုင်းကြောင့်...

"ဘာတုံး လန့်တာမောင်ရယ်"

"ဟို...ပဲခူးကို မလာပါနဲ့"

"ဘာလို့တုံး"

*ဟုတ်သားပဲ။ ဘာလို့တုံး။ အမေ့ကို မလာခိုင်းရမဲ့ အကြောင်းပြချက် ကောင်းကောင်းကို ချက်ချင်းရှာမတွေ့တော့ ဘာပြန်ဖြေရမှန်းမသိဘဲ...

"မောင်က နိုက်ဂျူတီပဲ ဆက်တိုက်ကျနေမှာ အမေရဲ့"

"အလိုလေးတော် ထူးထူးဆန်းဆန်း...ကျုပ်တို့လင်မယားလာတိုင်း နိုက်ဂျူတီမကျတာနဲ့ ဘယ်တုန်းက ကြုံလို့လဲ...မောင်နော် မှန်မှန်ဖြေစမ်း...နင် မိန်းမ ရနေတာလား"

"မောင့်ရဲ့ဗီဇ သို့မဟုတ် ဘေးအိမ်က ကောင်လေး"(COMPLETED)Where stories live. Discover now