မောင်

15.7K 1.2K 77
                                    

Zawgyi

"မြန်မာစာ ဖြေမယ့်ရက်ကနီးနေပြီ..
ဒီကဗျာတွေအကုန်ရအောင်ကျက်ကြ..''

ဆရာမ ဒေါ်ခိုင်ရတနာဖြူရဲ့အသံက
ကျယ်သလောက်
ကျောင်းသားများက မလှုပ်တလှုပ်..

ညက ဂိမ်းဆော့များကြသူတွေမလို့ရော
နေ့လည်ထမင်းစားဆင်းပြီးပထမဆုံးအချိန်မလို့
ကိုယ်စီကိုယ်ငှ တသန်းတဝေဝေ

ထိုအထဲ နောင်ကထိပ်ဆုံး..

"မောင် ''

ဆရာမ ဘေးမှာလာရပ်နေတာမလို့..
တာဝန်ကျေရွတ်နေရသော်လည်း

ညဏ်မကောင်းတာထက်..
အိပ်ငိုက်ခြင်းက ပိုနေသည့်ကောင်လေးဟာ

ဆရာမ ဟိုဘက် ထွက်သွားတာနဲ့
ဟန်မဆောင်နိုင် ခုံပေါ်ခေါင်းကျအိပ်ပျော်သွားတယ်...

နေရောင်ဖျော့ဖျော့အောက်မှာ
အိပ်နေတဲ့ဆံနွယ်နက်နက်လေးတွေနဲ့
သိပ်လှတဲ့ ကောင်လေး..

ရုတ်တရက် ခုံလှုပ်သွားတဲ့အထိအတွေ့ကြောင့်
ဆရာမပြန်လာပြီလား..စိတ်နဲ့..
ပါးစပ်ထဲ ရွတ်လက်စ..
ကဗျာလေး တပိုင်းတစ ဆိုလိုက္သား..

"အင်း..မောင်...''

ပြန်လည်ငြိမ်သက်နေတဲ့ ပတ်ဝန်းကျင်ကြောင့်
တစ်ဖန်ပြန်လည်
အေးချမ်းစွာ အိပ်ပျော်သွားခဲ့ပေမယ့်...

ဘေးက ဆံပင်ငွေဖြူရောင်တွေနဲ့
ကောင်လေးကတော့ ငြိမ်းချမ်းမှုကင်းမဲ့စွာ
ဝုန်ဒိုင်းနေတဲ့ သူ့ရဲ့ဆယ်ကျော်သက်ရင်ခုန်သံ
ကို စမ်းစစ်နေခဲ့တယ်..

"မောင်..တဲ့လား.''

ထို ကောင်လေးနှုတ်ခမ်းဖျားမှ
မတော်တဆ
ထွက်ပေါ်လာခဲ့တဲ့..အဲနာမ်စားလေးကို
သူ.ထာဝရ ကြားခွင့်ရချင်တယ်လို့

ထိုအချိန်မှစ..
သူ..တိတ်တဆိတ် ဆန္ဒပြုမိခဲ့လေတယ်..

......

Zawgyi

"ျမန္မာစာ ေျဖမယ့္ရက္ကနီးေနၿပီ..
ဒီကဗ်ာေတြအကုန္ရေအာင္က်က္ၾက..''

ဆရာမ ေဒၚခိုင္ရတနာျဖဴရဲ႕အသံက
က်ယ္သေလာက္
ေက်ာင္းသားမ်ားက မလႈပ္တလႈပ္..

ညက ဂိမ္းေဆာ့မ်ားၾကသူေတြမလို႔ေရာ
ေန႕လည္ထမင္းစားဆင္းၿပီးပထမဆုံးအခ်ိန္မလို႔
ကိုယ္စီကိုယ္ငွ တသန္းတေဝေဝ

ထိုအထဲ ေနာင္ကထိပ္ဆုံး..

"ေမာင္ ''

ဆရာမ ေဘးမွာလာရပ္ေနတာမလို႔..
တာဝန္ေက်႐ြတ္ေနရေသာ္လည္း

ညဏ္မေကာင္းတာထက္..
အိပ္ငိုက္ျခင္းက ပိုေနသည့္ေကာင္ေလးဟာ

ဆရာမ ဟိုဘက္ ထြက္သြားတာနဲ႕
ဟန္မေဆာင္နိုင္ ခုံေပၚေခါင္းက်အိပ္ေပ်ာ္သြားတယ္...

ေနေရာင္ေဖ်ာ့ေဖ်ာ့ေအာက္မွာ
အိပ္ေနတဲ့ဆံႏြယ္နက္နက္ေလးေတြနဲ႕
သိပ္လွတဲ့ ေကာင္ေလး..

႐ုတ္တရက္ ခုံလႈပ္သြားတဲ့အထိအေတြ႕ေၾကာင့္
ဆရာမျပန္လာၿပီလား..စိတ္နဲ႕..
ပါးစပ္ထဲ ႐ြတ္လက္စ..
ကဗ်ာေလး တပိုင္းတစ ဆိုလိုက္သား..

"အင္း..ေမာင္...''

ျပန္လည္ျငိမ္သက္ေနတဲ့ ပတ္ဝန္းက်င္ေၾကာင့္
တစ္ဖန္ျပန္လည္
ေအးခ်မ္းစြာ အိပ္ေပ်ာ္သြားခဲ့ေပမယ့္...

ေဘးက ဆံပင္ေငြျဖဴေရာင္ေတြနဲ႕
ေကာင္ေလးကေတာ့ ၿငိမ္းခ်မ္းမႈကင္းမဲ့စြာ
ဝုန္ဒိုင္းေနတဲ့ သူ႕ရဲ႕ဆယ္ေက်ာ္သက္ရင္ခုန္သံ
ကို စမ္းစစ္ေနခဲ့တယ္..

"ေမာင္..တဲ့လား.''

ထို ေကာင္ေလးႏႈတ္ခမ္းဖ်ားမွ
မေတာ္တဆ
ထြက္ေပၚလာခဲ့တဲ့..အဲနာမ္စားေလးကို
သူ.ထာဝရ ၾကားခြင့္ရခ်င္တယ္လို႔

ထိုအခ်ိန္မွစ..
သူ..တိတ္တဆိတ္ ဆႏၵျပဳမိခဲ့ေလတယ္..

......

လေပြည်မရှိသောအရပ် Season.1 (Completed)Where stories live. Discover now