Zawgyi +unicode
PART::33::...ပြန်လမ်းမဲ့ခဲ့လေသော.....
"တစ် နှစ် သုံး လေး...လေးထောင့်ငါးရာခြောက်ဆယ်...သုံးသောင်းတစ်ထောင်...''
ချောင်ထဲ မှာ တိုးဝင်ပျောက်ကွယ်သည်အထိထိုင်ရင်း..ကိန်းဂဏန်း တစ်ချို့ကိုရွတ်ဆိုနေသည့်.. နောင်ဟုအမည်ရသော..ကောင်ငယ်လေး..။ အစိမ်းရောင်ဆေးသားများ..လွင့်ပျယ်တာကြာမြင့်ပြီဖြစ်တာကြောင့်..ညိုဖွာနေသောဆံစလေးများ..။အရိုးတို့အနည်းငယ်ပေါ်ချင်လာသောလက်ဖျံတွေ.. ပေါ်က..နီနီရဲရဲသွေးစင်းကြောင်းတွေက
အလောင်းကောင်နဲ့အတူရှိခဲ့ရတဲ့တစ်ညတာရဲ့ ခါးသီးမှုများ..
"ခြောက်ဆယ့်ရှစ်ထောင့်နှစ်ရာ.သုံးဆယ့်တစ်.''
အစီစဉ်မကျသော ကိန်းဂဏန်း တွေဟာ နာရီ စက္ကန့်အချို့ကိုရေတွက်နေသည်လား။
ကွာဝေးနေတဲ့ ခြေလှမ်းတွေလား..။
မရေရာတဲ့မျှော်လင့်ခြင်းတွေကို ရုတ်သိမ်းလိုက်ဖို့..ဒီအချစ်က သိပ်တန်ဖိုးကြီးနေခဲ့ရတယ်..။..
အသက်ရှူရှိုက်ဖို့ အားမရှိတော့အထိ..တန်ဖိုးကြီးတယ်.."ကလေး...''
တစ်ညတာအလောင်းတစ်ခုနဲ့ အတူ.. ရှိနေပြီးတဲ့နောက်မှာ ခပ်ကုပ်ကုပ်လေးထိုင်ရင်း တစ်စုံ တစ်ရာတိုးတိုးဖွဖွရေရွတ်နေသော
ဗလာသက်သက် မျက်ဝန်းတွေက..သူ့အား လှည့်ကြည့်လာခြင်းမရှိပါ..။
ကလေးငယ်..ဘာဖြစ်နေသတဲ့လဲ??
သူအလိုရှိသည်..။
သူ့ကို လှည့်ကြည့်နေမည့်မျက်ဝန်းနက်နက်တောက်လေးတစ်စုံကို ။မရဘူး.ကလေးငယ်..
မင်းကိုယ့်ကို စိမ်းကားခွင့်မရှိဘူး..။"ကလေး ကိုယ်အဲအလောင်းကြီးဖယ်လိုက်ပြီနော်...''
တစ်စဆီ လက်ချောင်းများကိုကောက်ကာထိုအလောင်းကိုသူကိုယ်တိုင် တရွတ်ဆွဲရင်းသာအပြင်ထုတ်လိုက်သည်...
သို့သော် ကလေးငယ်ဟာလှည့်ကြည့်မလာခဲ့...သူ အလိုရှိသည်..သူ့ကိုပြန်ကြည့်လာမယ့်ပြန်လမ်းမဲ့..အနက်ရောင်ရေအိုင်လေးထဲမှာ.. ကျေနပ်မှုနဲ့ ရောယှက်နေသည်ဖြစ်စေ..။
YOU ARE READING
လေပြည်မရှိသောအရပ် Season.1 (Completed)
RomanceMy second story💜 (Chapter-1) တကယ်ဆို မင်းကိုကိုယ် လေပြည်မရှိသောအရပ်မှာ ထာဝရ ထားချင်ခဲ့တာမျိုး (Own Creation)