Part.29::အဝေးဆုံးတွေ ဖြစ်ခဲ့ကြမယ်ဆိုရင်(1)

27K 3.6K 295
                                    

Zaegyi+ Unicode

ရှန်ဟတ် pov...

....

မွေးနေ့ ထဲက ရခဲ့သည့် ဒဏ်ရာကြောင့် ဆေးရုံသို့..ရောက်နေသည့်သုံးရက်အတွင်းယခင်ဆေးရုံတတ်နေကြနှင့်မတူ။

တစ်စုံတစ်ယောက် စောင့်နေတယ်ဆိုတဲ့အသိကရှန်ဟတ်အား..နွေးထွေးလုံခြုံစေသည်..။

သူလုပ်ပေးသည့်..မွေးနေ့အား..မရောက်လာခဲ့သည့် ကျနော့်အား..သူဘယ်လိုတွေးနေမည်လဲသိချင်မိသည်..။

''နွေရာသီစံအိမ်တုန်းကအတိုင်းပဲလေ..ဘာရွက်တွေမှန်းမသိဘူး..ဗျာ Kဌာနချုပ်နောက်ဘက်သွားပြီးလိုက်ခူးနေတယ် '' ဟုကျော်စိုး.ညည်းညည်းညူညူပြောသောအခါပြုံးမိသည်..။

ထိုကောင်လေးသည်..နူးညံမယောင်နဲ့သူ့စိတ်ထဲရှိရာကို..ခေါင်းမာစွာ..လုပ်တတ်သည့်.ထုံပေပေလေးသာဖြစ်သည်..။

အစ်ကိုလေးကိုမေးနေတယ်ဟုသတင်းကြားသည့်အခါ..ကျနော်..ဆိုနင့်စွာ..ဝမ်းသာရပြန်သည်..။

"နောက်တစ်ပတ်ကြာရင်..မင်းသွေးခ..လာလိမ့်မယ်..အပေးအယူလုပ်ပြီးရင်..နောင့်ကိုခေါ်သွားလိမ့်မယ်တစ်ပတ်ပဲ..သည်းခံပါ..ညီ

ပြီးရင်..အကုန်ပြီးသွားမှာပါ..''

တစ်ပတ်ပဲ !!

"စိုင်းရှန်ဟတ်အဖြစ်. တပတ်ပဲဟန်ဆောင်ရုံပဲ.ညီ.''

စိုင်းရှန်ဟတ်..ဟုတ်သည်..
သူချစ်တာစိုင်းရှန်ဟတ် ဆိုတဲ့..သူ့ရဲ့အချစ်ဦးကို..။ကျနော့်ကို..မဟုတ်ခဲ့။

ဆေးရုံမှ..အိမ်ပြန်ရောက်ပြီး

တစ်ပတ်အတွင်း..သူ့အား..မုန်းဟန်ဆောင်ဖို့ကြိုးစားရမည်..။

တစ်ပတ်ကြာလျှင် သူသည်ကျနော့်ဘေးမှ..ထွက်ခွာသွားတော့မည်။

ဘယ်တော့လဲ ထာဝရအတွက်ပဲ ဖြစ်မလား ကျနော်မသေချာ ။

စတွေ့ ထဲ ကသူ ထွက်သွားမည်ကို ဘေးမှာရှိနေသည့်တိုင်အောင် အကြောင်းပြချက်မရှိ
သူ့ ကိုဆုံးရှုံးရမည်ကို ကျနော်ကြောက်ရွံ့ နေခဲ့ပေမယ့် သူ့ ကို ကျနော်ကိုယ်တိုင်ပင် ထွက်သွားစေခဲ့သည် ။

လေပြည်မရှိသောအရပ် Season.1 (Completed)Where stories live. Discover now