ကောင်းကင်ပြာသည် ပြိုကျတတ်ပါသလား?

110K 6.6K 137
                                    

Zawgyi..+Unicode..

Part.1:: ကောင်းကင်ပြာသည် ပြိုကျတတ်ပါသလား?

အဆုံးမဲ့ကောင်းကင်သည် အမှောင်ထုမှလွဲ မည်သည်ကိုမျှပုံရိပ်မထင်စေ.. ညတိမ်ဆိုင်ကြား လျှပ်ရောင်ခသည့် မြည်သံပြု အလင်းတန်းမှလွဲ၍..မီးရောင်နတ္တိ ဆိတ်ငြိမ်သော ဘန်ဂလို လေး တစ်လုံးဝယ် အကျဉ်းတန်အဖြစ်ပျက်တစ်ခု သည် ဘောင်မ၀င်သော သမိုင်းထိုးလျက်ရှိနေသည်။

လျှပ်ကနဲ ပြက်သွားသည့် အလင်းဖျိုးဖျသည် ဘန်ဂလိုအတွင်းရှိ လူတစ်ယောက်၏မျက်နှာပေါ်သို့အရိပ်ထင်သည့်ခဏ ထိုသူ၏ပုံမမှန်သော အမူအရာကို မြင်ရစေလိမ့်မည်။

"ပျော်တယ်မလား''

ညကောင်းကင်မှခုန်ဆင်းလာသော မိုးနက်များကြား ထိုသူ၏စကားသံကကွဲအက်အက်။ မေးသည့်အဓိပ္ပာယ်နှင့် သူဆိုလိုသောအကြောင်းရာကား ဆင်တူဟန်မရှိ ။ ညှင်းသိုးသော မျက်နှာထားသည်ပျော်ရွှင်မှုတို့ ကုန်ဆုံးခဲ့သည်မှာကြာမြင့်ပြီဟု ပြောပြနေသယောင်။ မောဟိုက်နေသည့်တိုင် ထိုသူသည်အားယူရင်း ချွေးစေးတို့ဖြင့်စေးထန်းသည့် ဓားကို ခပ်အိအိအသားစိုင်များအတွင်းထပ်မံထိုးနှစ်သည်။

သူ့ရှေ့တွင်လှဲလျောင်းနေသည့် ပြူးကြောင်ကြောင် မျက်လုံးများနှင့် ပွင့်ဟနေသောနှုတ်ခမ်း သက်မဲ့ကိုယ်နှစ်ခုသည် ရွံရှာ၍စက်ဆုပ်ဖွယ်ရာအတိ။ သို့သော်ရှင်နေလျှင်ပို၍စက်ဆုပ်ဖွယ်ဟု သူထင်မြင်သည်။ကြည့်မကောင်းလောက်အောင် ဒဏ်ရာတွေပွနေပေမယ့် နောက်ဆုံးအကြိမ်သူတစ်ချက်စီ ခပ်နက်နက်ထိုးစိုက်ပစ်သည်။သေချာသွားအောင် ဘယ်တော့မှပြန်ထမလာဖို့ ။

'' မင်းတို့နှစ်ယောက်လုံး..သိပ်ချစ်ကြတယ်မလား သေလိုက်ကြ''

ကြေကွဲနေသောလူသတ်သမားတစ်ယောက်ရဲ့ ဟစ်ကြွေးသံနှင့်အတူပြင်းထန်သောမိုးလေတွေအား. အုပ်မှိုင်းနေတဲ့ညနက်ကောင်းကင်က

တိတ်ဆိတ်စွာပင်..စောင့်ကြည့် နေခဲ့သည်..။နီစွေးသော..သွေးများ ပေကျံနေသောလက်တစ်စုံနဲ့.. ပင်..မခွဲခွာနိုင်အောင်နောက်ဆုံးအချိန်အထိတိုင်အောင်..တခြားယောကျာ်းကိုဖတ်တွယ်ရင်းသေဆုံးသွားသောထိုမိန်းကလေးဟာသူ..သိပ်ချစ်ရသောမိန်းမတဲ့ အရာအားလုံးနဲ့ လဲပြီးသူဖက်တွယ်ခဲ့ရသော သူမ တဲ့။. အခုတော့ပုပ်သွားမယ့်အလောင်းထက်ပိုတော့မည်မဟုတ်။ ဘယ်လောက်ရယ်စရာကောင်းလဲ။

လေပြည်မရှိသောအရပ် Season.1 (Completed)Where stories live. Discover now