PART::26:: ဒီနေရာ......ဒီနေရာ..လေးမှာပဲ..
"အဘိုး...ဒီနေ့နေရတာ အဆင်ပြေရဲ့လား''
ငယ်ရွယ်နုပျိုသည့်သူနာပြုလေးရဲ့ကရုဏာ..စကားကိုပြတင်းပေါက်အားငေးနေခြင်းမှ မျက်နှာမလွှဲ..အဘိုးအိုဟာ ခေါင်းငြိမ့်ခြင်းဖြင့်..သာ
အဖြေပေးသည်..။ခဏကြာသည့်တိုင်အောင်ကွင်းပြင်နဲ့ပန်းပင်အချို့သာရှိတဲ့ အပြင်လောကကြီးကသိပ်စိတ်ဝင်စားစရာ စိတ်ကျေနပ်ဖွယ်ရာကောင်းသလိုမျိုး အဘိုးအိုဟာ.တရှိုက်မက်မက်.ငေးနေခဲ့သည်.
ဆေးရုံကုတင်ထက်က..အဘိုးအိုဟာ မြည်တမ်းစပြုသည်..။
"လေပြည် နဲ့ ငှက်ငယ်လေးပုံပြင်ဆက်နားထောင်ချင်သေးလား''
ယိုင်နဲ့နဲ့လက်တွေကို ဆေးထိုးပိုက်များစွာနဲ့ယှက်သွယ်ထားရင်းရောဂါကြောင့် အဘိုးအိုဟာ သေအံ့ဆဲဆဲအခြေအနေဆိုတာပြသနေသည်..။
သူ့ကိုကြည့်ရတာ ရှင်သန်ဖို့ခက်ခဲနေသော သစ်ပင်အိုနဲ့အလားတူနေသည်..။
သို့သော် အပြုံးတစ်ချို့က မျက်နှာမှာဖြစ်တည်နေဆဲ..
ဘေးမှာတော့...သူနာပြုလေးက အဘိုးအိုအား လုပ်စရာရှိသည့် ဆေးသွင်းခြင်းများပြုပြီးသည်နှင့် ငေးမောကြည့်နေခဲ့သည်..။
တစ်နည်းပြောရလျှင် အဘိုးအိုပြောပြမယ့် ဇာတ်လမ်းအဆက်ကို သူမနားထောင်ချင်လှပြီ..။
ဒီအဘိုးအိုအားလူနာလာ စောင့်ရသည့်တာဝန်ကျပြီး နောက်ပိုင်း လေပြည်နဲ့ငှက်ငယ်လေး ၊လှောင်အိမ်ရှင်ရဲ့ဇာတ်လမ်း ကိုနေ့စဉ် နားထောင်ရတာ သူမအတွက် မရှိမဖြစ်အရေးပါသလိုဖြစ်လာခဲ့သည်..။ယောကျာ်းလေးနှစ်ယောက်ကြားက ချစ်ခြင်းမေတ္တာဟာာဒီလို နက်ရှိုင်းစွာစိတ်ဝင်စားဖွယ်ကောင်းမှန်း သူမ မသိခဲ့..။
သို့သော်
အဘိုးဟာသူမအားကြာကြာ မစောင့်ဆိုင်းစေပါ..။
"မနေ့ ကအဘိုးပြောတာ ဘယ်အထိရောက်သွားပါလိမ့်''
"စိုင်းရှန်ဟတ်ကသူ့ချစ်သူကိုမမှတ်မိဘူးဆို ခန့် ညားရှိန်ရဲ့ညွန်ကြားချက်အတိုင်းနာကျင်အောင်စလုပ်ချိန်..''

YOU ARE READING
လေပြည်မရှိသောအရပ် Season.1 (Completed)
RomanceMy second story💜 (Chapter-1) တကယ်ဆို မင်းကိုကိုယ် လေပြည်မရှိသောအရပ်မှာ ထာဝရ ထားချင်ခဲ့တာမျိုး (Own Creation)