..
Zawgyi +Unicode....
PAR::24:: ဆွံ့ အကလေးငယ်
"ထွက်လာခဲ့ပါ.သခင်လေးနောင်.. လက်မောင်းမှာလည်းဒဏ်ရာကြီးနဲ့ ဆေးတော့သောက်လေ.''
ကျော်စိုး ခေါ် မှင်စာခမျာ တစ်ဖွဖွအော်ပါသော်လည်းသစ်တောအိမ်လေးရဲ့တစ်ခုတည်းသာရှိသောတံခါးနှင့်အခန်းသည် နည်းနည်းမျှရွေ့မလာ..။
တပည့်ဖြစ်သူခမျာခေါင်းသာတပြင်ပြင်ကုတ်နေရသည်နောင်..ရှန်ဟတ်ရဲ့လက်ပေါ် သတိရလာပြီးထဲက
ထိုအခန်းထဲအမြန်ပြေးဝင်ရင်းထွက်မလာတော့တာ
ဘာဖြစ်လို့ပါလိမ့်??
ဆရာဖြစ်သူဒုခေါင်းဆောင်ကို လှမ်းကြည့်မိတော့..နံနက်စာတွေတင်ထားသည့်စားပွဲပေါ်ထိုင်ရင်းအေးအေးလူလူ ။မနေ့ကသူအပြင်သွားတုန်းဘာတွေဖြစ်ကုန်ကြတာပါလိမ့်..
ခဏနေတော့မှထလာရင်းတံခါးကိုဆွဲထုသည်..။
"ဟေး အထဲကဟာလေးထွက်လာမှာလား မလာဘူးလား''
လေးငါးချက်လောက်ရှန်ဟတ်ခေါ်တော့မှ ထွက်လာလေရဲ့မျက်နှာလေးမဲ့တဲ့မဲ့တဲ့နဲ့..ခေါင်းလည်းမဖော်..
"လာထိုင်စား''
ဒုခေါင်းဆောင်က..နောင့်ရှေ့ တွန်းပေးတော့မနက်စာ ပန်းကန်လေးယူကာမလှုပ်တလှုပ်လေးစားနေသည်..။
"ဟိုကောင် ကြည့်မနေနဲ့မနက်စာစားတဲ့လူမမြင်ဖူးဘူးလား''
အလကားနေရင်းအဟောက်ခံရသေး..။သူကြကြည့်နေပြီးတော့..
"ငါကချောလား''
ရုတ်တရက်ကြီးထမေးသော ရှန်ဟတ်ရဲ့အမေး။ ဘာတွေထရူးသလဲအတွေးနဲ့ ကျော်စိုးဘာမှမပြောပဲကြည့်နေပါသည်...။
ဒုခေါင်းဆောင် ဆိုတဲ့ ကိုယ့်ဆရာ ကိုကြည့်နေပါသည်
နှစ်တွေကြာလာတော့ ကျော်စိုးထိုကဲ့သို့ မင်းပဲပြောတော့..ငါဘာလို့အဲလောက်ချောနေလဲ ဆိုသည့်..ထဖောက်ခြင်းမျိုးများ ။
ဒုခေါင်းဆောင်ရဲ့ ကိုယ့်ကိုယ်ကိုတစ်လောကလုံးတွင် အချောဆုံးဟု အထင်ရောက်နေသည့်ရောဂါအား ကျင့်သားရစွာ တည်ငြိမ်နေပြီဖြစ်သည် ။
YOU ARE READING
လေပြည်မရှိသောအရပ် Season.1 (Completed)
RomanceMy second story💜 (Chapter-1) တကယ်ဆို မင်းကိုကိုယ် လေပြည်မရှိသောအရပ်မှာ ထာဝရ ထားချင်ခဲ့တာမျိုး (Own Creation)