Part.4း အမှန်တကယ်သေဆုံးနေ ့

50.2K 5.8K 312
                                    

Zawgyi::
PART:4း အမှန်တကယ်သေဆုံးနေ့ 

"ကျောင်းသွားလေ နောင်လေးရယ် ကြီးကြီးသက်သာနေပြီကို '' လူကမမာသည့်ကြားထဲက တိုက်တိုက်တွန်းတွန်းပြောနေသည့် ကြီးကြီးကြောင့် ကျောင်းသွားဖို့ ခေါင်းငြိမ့်ပြလိုက်သည်။ ဒါပေမယ့် မနက်ပိုင်းပဲသွားတတ်မည်။

ညနေပိုင်းတော့ကျောင်းလစ်ကာ အလုပ်ရှာရလိမ့်မည်။

အပြာရောင်ပွင့်ခက်လေးတွေ ဝေနေသည့်ပန်းပင်ငယ်လေး..က ကြီးကြီးအကြိုက်ဆုံးသောပန်းလေး..။

အရွက်ချွန်ချွန်စိမ်းစိမ်းလေးတွေ ဝေဆာနေသော..ထိုအပင်လေးအမြစ်တွယ်ရာ ပန်းအိုးလေးကိုရေအနည်းငယ်လောင်းပြီးသည်နှင့်

ကြီးကြီးရဲ့လူနာခန်းပြတင်းပေါက်ဆီ..အသာတင်လိုက်သည်..။အပင်တွေကိုချစ်တတ်သောကြီးကြီးအတွက်နောင်အိမ်မှယူလာခဲ့ပေးခြင်း..။

လူနာစောင့်မငှါးနိုင်တာကြောင့် .တညလုံးစောင့်ပေးခဲ့ရတာမလို့ နောင့်မျက်လုံးတွေစပ်ဖျင်းဖျင်းဖြစ်နေသော်လည်းနားဖို့ရန်မဖြစ်. ကြီ့းကြီးအတွက်မနက်စာထားပေးခဲ့ပြီးသည်နှင့် အိမ်ပြန်ပြီးရေချိုးဖို့သာပြင်လိုက်သည်..။ရှစ်နာရီနေရောင်ခြည် ပန်းပင်လေးပေါ်ရောင်ခြည်ဖြာလာချိန် နောင်သွားဖို့ပြင်တော့ ဆေးရှိန်ကြောင့်ထင် ကြီးကြီးကနှစ်ခြိုက်စွာ ပြန်အိပ်ပျော်သွားခဲ့သည်..။

စိတ်ချလက်ချအနားယူကြီးကြီး။ ဒီနေ့ကစ ကြီးကြီးကိုကျနော်ပြန်စောင့်ရှောက်မှာမလို့..။ယုံပေးရင် သိပ်ကောင်းမယ်။

အိမ်အမြန်ပြန်လာကာ ရေချိုးပြီးသည်နှင့် ရင်ဘတ်မှဒဏ်ရာကိုစီးထားသည့် စိုနေသော ပတ်တီးလဲရန်...အသာဖြေချမိခိုက်မှန်ထဲမှမြင်ရတဲ့ဓားဒဏ်ရာပုံစံတွေကြောင့် နောင်..တကယ်ပဲဆွံအသွားခဲ့သည်..။

စိုင်းရှန်ဟတ်သည် ကျနော့်ရင်ဘတ်ပေါ်..ဓားနဲ့ခြစ်ခဲ့သည်မှာ လျှောက်ခြစ်ရုံသက်သက်သာ မဟုတ် သဘောရိုး..မဟုတ် စာလုံးတစ်ချို့ရေးထွင်းခဲ့ခြင်း..

Shan's

အသားနုပြန်တတ်နေပြီဖြစ်သော ထိုစာလုံးများသည်..သေရာပါအမာရွတ်အဖြစ် စွဲထင်ကျန်ခဲ့လိမ့်မည်.... .။ကျေးဇူး ပြုပြီး

လေပြည်မရှိသောအရပ် Season.1 (Completed)Where stories live. Discover now