Part. : 8: တစ်ခဏ ခိုနားခဲ့ဖူးပါသည် ။

43.1K 5.2K 282
                                    

Zawgyi..

PART : 8: တစ်ခဏ ခိုနားခဲ့ဖူးပါသည် ။

ဒီနေ့ နှင့်ပါဆိုပါလျှင် ကြီးကြီးခွဲစိတ်ပြီးခဲ့သည်မှာ သုံးရက်ရှိပြီ ။ကြည်ကြည်လင်လင် မရှိပဲ နိုးတစ်ဝက်သာဖြစ်နေတတ်သော ကြီးကြီးသည် ခွဲစိတ်မှုသည် ရာနှုန်းပြည့်မအောင်မြင်ခဲ့ကြောင်း ပြောနေသလို ကြီးကြီး၏ အသက်အရွယ်နှင့် ကိုယ်ခံအားသည် ရင်ဘတ်တစ်ခြမ်းလုံးကိုနေရာယူထားသော ချုပ်ရိုးကြောင်းအနာကြီး ရဲ့  အနာရင်းတွေ ကိုပင်မတွန်းလှန်နိုင် ။ ကြီးကြီးသည် ကျနော့်အတွက်တင်းခံနေခဲ့သော်လည်း ဆောင်နေသောစိတ်သည် တစ်ညနေမှာ ယိုင်လဲသွားခဲ့သည်။

ထမြည်လာတဲ့နှလုံးခုန်စက်သံနောက် ကြီးကြီးဘာဖြစ်သွားသည်လဲကျနော်မသိတော့. သတိဝင်လာစဉ် အစ်ကိုခွန်းသဟာကျနော့်ပုခုံးကိုဆုပ်ကိုင်ထားခဲ့သည် ။

အပြေးအလွှား ရောက်လာကြတဲ့ဆရာဝန်တွေ ၊ ရှော့ရိုက်တဲ့အသံတွေကြား ၊ စက္ကူရွက်ပါးလေးပမာ ကြီးကြီးကိုယ်လေးအားအလူးလူးအလွန့်လွန့်..။

ကျနော့်ကြီးကြီးသိပ်နာနေမှာ.. တော်လိုက်ပါတော့လို့ ပင် ကျနော်ဝင်တားချင်လာခဲ့မိသည် ။အတော်ကြာကြာရှော့ရိုက်ပြီး ငြိမ်ကျသွားတဲ့

ဆရာဝန်တွေရဲ့နောက်မှာ ကြီးကြီးရဲ့လက်လေးဟာ ကျနော့်ရှိရာဆီတဖြည်းဖြည်းလှမ်းလာတာကြောင့် ထွေးဆုပ်ထားမိသည်..။အကြောပြိုင်းတို့ ထနေသော လက်သည် သေခြင်းကိုအားကုန်တောင့်ထားသည့်ဟန် ။ပင်ပန်းနေတာသိပေမယ့် မလွတ်ချလိုက်နဲ့နော်ကြီးကြီး ။ကျနော်အဆင်သင့်မဖြစ်သေးဘူး..။

ကြီးကြီးကိုလွှတ်ပေးလိုက်ဖို့ ကျနော် အဆင်သင့်မဖြစ်သေးဘူး ။ခဏလောက် ခဏလေးပဲဖြစ်ဖြစ် ထပ်ပြီးလေ ကြီးကြီးရယ် နော်

"တောင်းပန်ပါတယ်..သားလေး'ရယ်'..

ကြီးကြီးလဲကျနော့်ကိုထားမသွားရက်သေးဘူးမဟုတ်လားဟင်

"တောင်းပန်တယ်..ကြီးကြီးတောင်း ပန်ပါတယ် '

အမောဖောက်နေသည့်ကြားမှ ထပ်ဆိုလာသည့်စကား ။ဘာကိုတောင်းပန်ရမှာလဲ?? အသက်ရှူပိုက်တွေကြား

လေပြည်မရှိသောအရပ် Season.1 (Completed)Where stories live. Discover now