Part.7:: ကျူးလစ်ဖြူ ပွင့်သည့်နေ့။

43.8K 5.2K 361
                                    

Zawgyi..

PART .7:: ကျူးလစ်ဖြူ ပွင့်သည့်နေ့ ..။

စစ်ထားသောစာများ နှင့် အလုပ်ခိုင်းစရာတွေထပ်ယူရန် ခေါင်းဆောင်ကြီးရှိရာဥယျာဉ်ကျယ်စီ ကျနော်တစ်ဖန်ရောက်လာခဲ့ရသည်..။ အလုပ်ပေးသူက ဒုခေါင်းဆောင်သူရိန်ဆိုသူ ။ အသားခပ်ဖြူဖြူမာထန်သောပုံစံရှိသောငြား သဘောကောင်းသည့်လူချောတစ်ယောက်ပင်..။

အဖွဲ့ ထဲမတည့်သည့်လူဆိုလို့ အစ်ကိုခွန်းသတစ်ယောက်သာ ရှိသည်ဟုကြားဖူးသည်..။ဒုခေါင်းဆောင်ရဲ့ လိုအပ်တာတွေမှာသည်ကို နားထောင်ရင်းခြံထဲပြန်ထွက်လာခဲ့သည်...။ တစ်ခါတွေ့ဖူးလိုက်သောစမ်းချောင်းလေးရှိရာကို သတိရသွားတာကြောင့်

မှန်းကာလျှောက်လာခဲ့သည်..။

ခရမ်းနုရောင်ပန်းအုပ်အုပ်လေးတွေ ၊ စီတန်းနေတဲ့..လွင်ပြင်ငယ်လေးဘေးမှာ စီးဆင်းနေသောရေကြည်ကြည်လေး၊ စမ်းချောင်းအောက်ခြေမှ ကျောက်ခဲဖြူဖြူလေးတွေ ရောင်စုံ ငါးလေးတွေပါတွေ့ရသည်အထိ ရေလေးကကြည်စိမ်းနေသည်..။

ငှက်လေးတွေပါတွေ့ရသည်မလို့ သဘောတကျပြုံးမိသည်...။ ပုံပြင်ဆန်လိုက်တဲ့နေရာလေး။ အစ်ကို ခွန်းသပြောပြတာကတော့ ဒီနိုင်ငံမှာမဟုတ်ပဲ C နိုင်ငံ တွင် လည်း ခေါင်းဆောင်ကြီး ၏ ဥယျာဉ်ကျယ်ကြီးတစ်ခုရှိကာ ထို ဥယျာဉ်က ပိုမိုလှပသည်တဲ့ ။ခပ်ညိုညိုကုက္ကိုလ်ပင်ကြီးအောက်မှာ ပေါက်နေသည့် အဝါရောင်ပန်းပင်ပုလေးတွေကိုကြည့်မိရင်း အဖြူရောင်ကျူးလစ်ခင်း တွေဘေးမှ

တလှုပ်လှုပ်နဲ့လူတစ်ယောက်သည် လက်အိတ်ပင်မစွပ်ပဲပန်းပင်လေးတစ်ပင်ကိုသေချာစိုက်နေလေရဲ့..။

ဘေးတစ်စောင်းပေါ်လာသည့် ချောလွန်းသည့်မျက်နှာကြောင့် ဘယ်သူမှန်းဆိုတာထင်းလွန်းနေသည်..။ ခေါင်းဆောင်ကြီးကသူ့အပင်တွေထိရင်မကြိုက်ဘူး

ကြားဖူးတဲ့စကားကြောင့် ခြေကိုအသာဖွရင်းနောက်ပြန်လှည့်မိသည်..။

"ပြန်မယ်ဆိုလဲပိုင်ရှင်ကိုနှုတ်ဆက်သင့်တယ်လေ ကောင်လေး''

ကျောပေးထားတာ တောင် ဘယ်လိုများသိသွားပါလိမ့်.။ နောင်မြန်မြန်ပြန်လှည့်ကာခေါင်းလေးငြိမ့်နှုတ်ဆက်မိသည်..။

လေပြည်မရှိသောအရပ် Season.1 (Completed)Where stories live. Discover now