Zawgyi
PART:20 ::ထပ်ပြီးချစ်ခွင့်ရမယ်ဆိုရင်..
တံခါးလေးအားအသာဖွင့်ဟလှစ်လိုက်သည်.နှင့်ကောင်လေးနှစ်ယောက်ရဲ့အရိပ်ကတဖြည်းဖြည်းပုံပေါ်လာသည်..။
"ဒီမှာ..ငါ့အစ်ကိုKက. မင်းကို မထိနဲ့ပြောလို့ပစားပေးနေတာနော် အကောင်းမှတ်မနေနဲ့''
"ခွမ်း''
ကွဲပြန်ပဟ...
ဒုအစ်ကိုလေးရဲ့ခပ်ကျယ်ကျယ်စကားနဲ့အတူကွဲသံကတဆက်တည်းလာသည်မလို့တပည့်ဖြစ်သူခမျာ..ခေါင်းသာ တဗြင်းဗြင်းကုတ်မိသည်..။ထိုဆံပင်စိမ်းနဲ့ကောင်လေးအားသတ်ချင်သတ် ဒါမှမဟုတ် လွတ်ပေးလျှင်လွတ် ပေးသင့်သော်လည်း
ဘာအတွက်ကြောင့် ခုချိန်ထိဖမ်းထားဆဲကိုစဉ်းစားမရ..
ပုံစံလေးကသာသိမ်မွေ့ပျော့ပျောင်းဟန် ရှိသော်လည်း ဒုခေါင်းဆောင် နဲ့အပြိုင်ကြဲနိုင်သည် ။
စကားတစ်ခွန်းဆိုတိုင်းနှစ်ဦးသားအပြိုင်ခွဲနေကြသည်မှာ ဒီနှစ်ရက်အတောအတွင်း ခွဲပစ်ခဲ့သည့်ပန်းကန်ပမာဏများသည် မြေအောက်ဈေးတွင်သွားရောင်းပါက အဏုမြူဗုံးပင်ထွင်လို့ရနေပြီ..။
"မင်းစားမှာလားမစားဘူးလား..''
"No''
"သွား..ခွေးသွားကျွေးပစ်လိုက်''
"မင်းမိုက်ရိုင်းလှချည်လား''
တစ်နေကုန်တစ်နေခန်းရန်ဖြစ်ဖြစ်နိုင်လွန်းကြသူများ ။ ရန်ဖြစ်နေကြသံနားသောတဆင်ရင်း ဝင်လာသည့်messageအားဖွင့်အကြည့် Yအဖွဲ့မှလူများ Kအနောက်ဘက်ဂိုဒေါင်သို့တစ်ဖက်နိုင်ငံမှ. ဝင်လာသည့်ပစ္စည်းတွေ ခိုး သယ်ထုတ်နေကြပြီ..။
ကြည့်ရသည်ကပစ္စည်းကအဓိကမဟုတ် သက်သက်မဲ့ရန်စခြင်းဖြစ်ဟန်တူသည်..။
အခန်းထဲအမြန်ပြေးဝင်မှဖြစ်မည်မလို့
"ဒုခေါင်းဆောင် ကျနော်တို့အမြန်သွားမှရမယ်''
မျက်မှောင်ကုတ်ကုတ်တွေက တွန့်ချိုးနေသည်မလို့။ဘာကြောင့်ခေါ်ရပါကြောင်းMessageအားပြတော့မှ ခေါင်းအသာငြိမ့်ကာ
အပြင်ထွက်ဟန်ပြသည်..။
"ဟုတ်ပြီ..ခဏ..မင်းမလိုက်ခဲ့နဲ့''
YOU ARE READING
လေပြည်မရှိသောအရပ် Season.1 (Completed)
RomanceMy second story💜 (Chapter-1) တကယ်ဆို မင်းကိုကိုယ် လေပြည်မရှိသောအရပ်မှာ ထာဝရ ထားချင်ခဲ့တာမျိုး (Own Creation)