ငြိမ်းချမ်းပါစေ နေကြာပန်းငယ်

31.2K 3.4K 123
                                    

...Zawgyi +Unicode

သူငယ်ချင်းကနေ ရန်သူ ဖြစ်သွားတဲ့သူ လောကမှာ ဘယ်လောက်များများရှိပါလိမ့်မလဲ ။

အဲသူတွေအကုန်လုံး ခန့် ညားရှိန် အခုခံစားနေရသလို ရွံမုန်းသွားတဲ့အထိဖြစ်ကြဖူးလား လိုက်မေးချင်သည် ။

ခန့် ညားရှိန် ကိုယ်တိုင်ပဲပြောင်းလဲသွားတာလား ။ဒါမှမဟုတ် မင်းသွေးခ ပဲလား ။

ကြည့်နေရင်းနဲ့ ပင် မထီမဲ့ဟန် နှုတ်ခမ်းစွန်းတွေက လှောင်ပြုံးများပီသစွာ တစ်စထက်တစ်စ တွန့်ကွေးလာတဲ့အခါ. .. ခန့် ညားရှိန် ရဲ့ ခံနိုင်ရည်တွေ မဟုတ်သေးဘူး

အချိန်ကြာမျိုသိပ်ရတဲ့ နာကြည်းမှုတွေက မီးတောက်တစ်ခုကို မီးစာထည့်လိုက်သလိုပဲ ။

ရလဒ်ကတော့ တစ်ချိန်က အချစ်ဆုံး သူငယ်ချင်းကိုသေနတ်နဲ့ချိန်ရွယ်မိခဲ့ပြီ.. ။

သေနတ်ကိုင်တာအကြောင်းပြချက်များရှိမည် .ခြောက်လှန့် လို လို့ ..၊မိမိကိုယ်မိမိ ကာကွယ်လို လို့ စသဖြင့် သူကတော့တစ်ခုတည်း သေစေလိုသောစိတ်နဲ့ ။

မင်းသွေးခ ဆိုတဲ့သူကို ဒီနေရာမှာတင် အမှုန့် ဖြစ်စေလိုသောစိတ်နဲ့ 

"ရှိန် မလုပ်နဲ့ ...''

သူငယ်ချင်းသုံးယောက်အဖြစ် တပူးတွဲချစ်မြတ်နိုးခဲ့တဲ့သူတွေ ၊

ဒီနှစ်ယောက်ရဲ့ လူသတ်မယ့်အခြေအနေကိုသူရိန်ခုထိ လက်ခံနိုင်စွမ်းမရှိစွာဝင်တားမိသည်..။တကယ်ဆို အရင်ထဲကအနေအေးကာတည်သော သူရိန်ထက်မင်းသွေးခနဲ့ ခန့်ညားရှိန်က ပိုပြီးရင်းနှီးခဲ့ကြတာ..။

ဘယ်သူမှန် ဘယ်သူမှားသည်ဖြစ်ပါစေ..သူတို့က သူရိန်သိပ်ချစ်ရတဲ့သူငယ်ချင်း နှစ်ယောက်..။

တစ်ယောက်ကိုတစ်ယောက်ကာကွယ်ပေးခဲ့တဲ့ သူငယ်ချင်းနှစ်ယောက်..

"မတားနဲ့တော့သူရိန်..ဘယ်အချိန်ထိဒီလူမဆန်တဲ့ကောင်ကို သူငယ်ချင်းအဖြစ်မင်းသတ်မှတ် ကာကွယ်ပေးနေဦးမှာလဲ..ဟမ်..''

မင်းသွေးခ ကတော့ဘာကိုမှ အလေးမထားဟန်..။ပုခုံးစွန်းကိုတွန့်ကာ ခနဲ့ဟန်ပြုသည်..။ဒေါသထွက်နေသူကို မီးထပ်ထည့်ပေးနေသလိုပဲ..။

လေပြည်မရှိသောအရပ် Season.1 (Completed)Where stories live. Discover now