Part 32:ပိုင်ရှင်မဲ့ဂီတာ

25.4K 3K 126
                                    

Zawgyi+Unicode..

PART::32::ပိုင္ရွင္မဲ့ဂီတာ...

" မင်းသွေးခ ကသိသွားခဲ့ပြီး သိသွားချင်းချင်းသူ့ညီမလေးကို အိမ်မှာပဲပိတ်ထားခဲ့တယ်..ဒါပေမယ့် ခေါင်းမာလွန်းတဲ့ညီက
မင်းသွေးခ ဘယ်လိုလူမျိုးသိရက်နဲ့ရအောင် သွားတွေ့ ခဲ့တယ်..''

Kကစကားစကို ခဏရပ်ရင်းမှ ဆို့နင့်စွာ ပြုံးသည်..။

"ကြည့်ရတာ ညီ အဲကောင်မလေးကို ။သိပ်ချစ်သွားခဲ့ပုံပါပဲသူ့ကိုယ်သူ သတိမထားမိလောက်အောင်သူ မင်းသွေးခကို တောင်းပန်ခဲ့တယ်
မာနသိပ်ကြီးတဲ့ကလေးကပေါ့..''

...

"နှင်းကို ကျနော်ချစ်တယ်...''

"ဟက် အဲဒီအရေးမပါတဲ့ အချစ်ကို စကားထဲထည့်လုပ်မပြောလို့ ရမလား ချာတိတ်''..

"ကျနော် နှင်းကို..''

လည်ထွက်သွားသည့်ပါးပြင်ကို.. အသာ ပွတ်လိုက်မိသည်..။
မင်းကိုတွေ့ရဖို့ဆို အရာအားလုံးကထိုက်တန်ခဲ့ပြီးသားပဲ ။

"သဘောတူပေးပါ...''

"ငါသူ့ကို ဒီအချိန်ထိ စောင့်ရှောက်ပေးခဲ့တာ မင်းလိုကောင် လက်ထဲထည့်ပေးဖို့ မဟုတ်ဘူး.''

မင်းသွေးခက ကျနော့်ကိုတင်မဟုတ် ဘယ်သူ့ ဆီကမဆို သူ့ ညီမလေးကို ကာကွယ်မည့် သူ့ ရင်ခွင်ထဲမှာပဲ ရာသက်ပန်ရှိနေစေချင်သည့် အတ္တ၀ါဒီတစ်ဦးဖြစ်နေခဲ့သည်။

"ခန့်!!!''

ဘယ်ကအပြေးရောက်လာမှန်းမသိသော နှင်းအား လူတစ်ချို့ကတားဆီးရန် ရောက်လာကြသည်..။နှင်းကတော့ ကျနော့်လက်မောင်းအား
ဆုပ်ကိုင်ကာ ဖျောင်းဖျဖို့ကြိုးစားနေသည်..။

"ခန့် ဟင့်အင်း ခန့်ပြန်သွားပါ
ကိုကိုက ဘယ်လိုလူမျိုးလဲမသိဘူးလား.''

သိတယ် ။ဆယ်နှစ်သားလောက်ထဲက အမှောင်လောကနဲ့ အကျွမ်းဝင်ခဲ့တဲ့ လူတစ်ယောက်အကြောင်း..

"ဘာလို့လာခဲ့တာလဲ..ခန့်ရယ်..နာနေပြီမလားဟင်...''

"အရူးမလေး တစ်ယောက် သူ့ချစ်သူကို သိပ်လွမ်းနေတယ်ဆိုလို့လေ..''

"ခန့်!!''

ရင်ခွင်ထဲ ပစ်ဝင်လာသော ကိုယ်လုံးလေးကို အလိုက်သင့်ပွေ့ဖက်လိုက်သည် ။
ဒီအချစ်က ငါ့အတွက်သိပ်တန်ဖိုးကြီးတယ်
နှင်း ဒီလိုလုပ်ရလောက်အောင်ပေါ့...။

လေပြည်မရှိသောအရပ် Season.1 (Completed)Where stories live. Discover now