Part.28::လူသားတစ်ယောက်၏ အတ္တ

29.6K 3.6K 361
                                    

Zawgyi+Unicode..


PART:28:: လူသားတစ်ယောက် ၏ အတ္တ

၂၀၁၅ ဇန်န၀ါရီလ ၉ရက်နေ့  ။

ဒီနေ့အပြင်မှာ..လှုပ်လှုပ်ရှားရှားကြားနေရတဲ့အသံတွေကြောင့်နောင်..ထိုင်မရ..ထမရ..ဖြစ်နေခဲ့သည်..။မနေ့က ကျော်စိုးပြောတဲ့...ဒီနေ့

ဒုအစ်ကိုလေး ရဲ့မွေးနေ့ဆိုတာရောကြောင့်ပါ နောင်..ငြိမ်ငြိမ်ထိုင်မနေနိုင်ခဲ့..။ရန်ပွဲတွေ.ထပ်ဖြစ်ဦးမည်ကြားသလို ရှန်ဟတ်ပါ..လိုက်သွားမည်ဟုလည်း ကြားသည်..။

တကယ်တော့ ရှန်ဟတ်ရဲ့ မွေးနေ့ အမှန်သည် နိုဝင်ဘာ လတွင်သာဖြစ်သည် ။ဇန်န၀ါရီလက ရှန်ဟတ်ပျောကဆုံးသွားခဲ့သည့် လ ဖြစ်သော် လည်း ရက်စွဲကတော့မကိုက်ညီ ပျောက်သွားခဲ့သည့်ရက်ရဲ့ တစ်ပတ်အကြာ ဖြစ်သည် ။

တစ်ပတ်အကြာမှ ခန့် ညားရှိန်က ရှန်ဟတ်ကိုတွေ့ ခဲ့တာလည်း ဖြစ်နိုင်သည် ။

ထူးခြားတဲ့ရက်စွဲ နေ့ လေးပဲမလို့ 

Kအဖွဲ့..မီးဖိုဆောင်ထဲဝင်ပြီးကိတ်မုန့်လေး..လုပ်ဖို့..စဉ်းစားထားသည်..။

အခန်းထဲကနေ..အပြင်ထွက်လိုက်သည်နှင့်နောက်လိုက်တစ်စုရှေ့မှနီညိုရောင်..ကုတ်ကိုဝတ်ဆင်ထားရင်းခပ်မတ်မတ်..လျှောက်လာနေသည့် ရှန်ဟတ်အား..တွေ့ရသည်မလို့တုန့်ဆိုင်းသွားမိသည်..။

ငွေဖြူရောင်ဆံပင်တွေကိုသပ်တင်ထားရင်း..အညိုရောင်မျက်ဆံတွေက..စူးရဲတောက်ပနေကြသည်..။

အနက်ရောင်..ပြောင်လက်နေသည့်သေနတ်တစ်ဖက်ကို..လက်တစ်ဖက်က..ခပ်သာသာကိုင်ထားဟန်ကဒုခေါင်းဆောင် ဆိုသည့်ဂုဏ်ပုဒ်နှင့်လိုက်ဖက်စွာ..ခန့်ညားလွန်းနေခဲ့သည်..။

မျက်နှာချင်းဆိုင် တွေ့သော်လည်း ကျနော့်အားဘာစကားမှမဆိုပဲ ထွက်သွားတာကြောင့်..

"ရှန်ဟတ်...''

အဝေးကိုရောက်သွားသောသူဟာလှည့်ကြည့်မလာသော်လည်းခြေလှမ်းတွေကိုတော့..အသာရပ်တန့်ပေးခဲ့သည်..၊

လေပြည်မရှိသောအရပ် Season.1 (Completed)Where stories live. Discover now