Part.2: ငရဲပြည် မှအတန်းဖော် ..

62.8K 5.9K 170
                                    

Zawgyi..

PART.2: ငရဲပြည် မှ အတန်းဖော် ..

.. ၉ နှစ်ကြာပြီးနောက်

၂၀၀၉.ဂျူလိုင်လ ၅ ရက် calendar ကိုကြည့်ရင်း နောင် သက်ပြင်းကို အားရပါးရ ချပစ်လိုက်သည်။ နောင့် အသက်၁၇ ပြည့်ခဲ့ပြီ ဖြစ်သလို တစ်တန်းသာကျန်တော့သည့် ..အထက်တန်းနောက်ဆုံးနှစ်ကိုတတ်ဖို့ကျောင်းတွေပြန်ဖွင့်ချိန်လည်းရောက်လာခဲ့ပြီဖြစ်သည်။ private school ဖြစ်သော နောင်တို့ကျောင်းသည် အခြားကျောင်းများထက် တစ်နှစ်ပိုတတ်ရလေသည်။

ကြီးကြီးရဲ့ဆိုင်လစာ နဲ့အနိုင်နိုင် ဈေးကြီးလှသောဒီကျောင်းကိုမတတ်ချင်သော်လည်း ဖေဖေ့လက်ထက်ထဲကတတ်ခဲ့သည့်ကျောင်းမလို့ မထားနိုင်တော့လျှင် ကြီးကြီးစိတ်ဆင်းရဲပေလိမ့်မည်။ဖြူဖွေးပြီးကော့နေအောင် တိုက်ထားပေးသော ကျောင်းအင်္ကျီလေးကို ကြည့်ရင်း နောင်အံသာကြိတ်လိုက်သည်။

တစ်နှစ်ပဲ ။ ဒီတစ်နှစ်ပြီးရင်ငရဲလို ကျောင်းကိုသွားစရာလိုတော့မှာမဟုတ် ။ငရဲလို ဟုတ်တယ်။ နောင့်အတွက်တော့ကျောင်းဟာ ငရဲထက်မပို။ အကြောင်းကား နောင့်တွင် ငရဲပြည်မှလာသောအတန်းဖော် ရှိလေသည်။

နောင် ကျောင်းထဲဝင်လာသည်နှင့် .. တပြိုင်နက်

"လူသတ်သမားသား..လာပြီဟေ့'''

ခပ်လှမ်းလှမ်းမှ..လှောင်နေသော ကျောင်းသားများ

" ဟေး ဟိုမှာ လူသတ်သမားသား..လာပြီ'''

ဆံပင်လေးတွေခါရမ်းရင်း ရှုံချဟန်ပြုနေသော..ကောင်မလေးများကို လျစ်လျူရှုကာ စာသင်ခုံနောက်ဆုံး ..ပြတင်းပေါက်နားကခုံလေးမှာ ဝင်ထိုင်လိုက်သည်..။

လူသတ်သမားသား ဟူသောနာမည်သည် နောင့်ရဲ့ငရဲပြည်မှအတန်းဖော် ပေးထားသောနာမည်ဖြစ်ပြီး တစ်တန်းလုံးက လှောင်စရာဖြစ်လာခဲံ့သည်။ နှစ်ယောက်တွဲထိုင်ခုံလေးများဖြစ်သော်လည်း ဘေးမှာဘယ်သူမှမရှိ..။

ကောင်းတာပေါ့..လွတ်လပ်တယ်..။

ရှေ့တည့်တည့်မှမျက်နှာကိုလာပတ်သောရေကြောင့် ဆတ်ခနဲဖြစ်ကာ နောင်..လန့်သွားမိသည်..။

လေပြည်မရှိသောအရပ် Season.1 (Completed)Where stories live. Discover now