.Zawgyi +Unicode..
..PART:23:: ငါမဟုတ်တဲ့ ငါ.
အမြဲရှာဖွေဖြစ်ခဲ့သည် ။
အက်စီးဒန့် တစ်ခု ဖြစ်ခဲ့သည်ဆို ကလွဲ ဘာမှမသိတော့သော အတိတ်တစ်နေရာမှာ အရေးကြီးဆုံးသောတစ်စုံတစ်ရာ ကျန်ရစ်နေခဲ့သလိုမျိုး ။
အမြဲရှာဖွေနေခဲ့မိသည် ။မေ့လို့ မဖြစ်တဲ့အရာကို မေ့ခဲ့သလိုမျိုး ။ ။
အကြောင်းပြချက်မရှိ...မသိသောတစ်စုံတစ်ရာကိုရှာဖွေရင်း သူ့ နေ့ ရက်တိုင်းဟာ အသက်မဲ့နေခဲ့သည် ။
အကြောင်းပြချက်မရှိ
နေ့ တို့ သည် အထီးကျန်ကာ အကြောင်းပြချက်မရှိ ညတို့ သည် မွန်းကျပ်သည် ။ဘယ်သူ့ ကိုမှ မပြောပြဖြစ်ခဲ့ပေမယ့် သူသာ သိသော ၀ဋ်ဆင်းရဲ ။ရှာဖွေနေခဲ့သည် ။ပျောက်ဆုံးနေခဲ့သည် ။သို့ သော် ဘယ်သူလဲ သူမသိ ။ဘယ်တော့ရှာတွေ့ မလဲ သူမသိ ။
အကြောင်းပြချက်မရှိ ။ရောက်မလာချိန်အထိ ။
ထောင်ချောက်တွင်မိကာ မေမျော့နေခဲ့သည့်ကောင်လေးတစ်ယောက်ကိုတွေ့ ချိန် သူ့ နှလုံးသားသက်ပြင်းချသံကို ကြားရသည် ။
ပျောက်ဆုံးနေခဲ့သော ကိုယ်တစ်ခြမ်းကိုတွေ့ လိုက်ရသလိုမျိုး ။သူ့ စိတ်ဝိညဉ် တွေ ဟာ နားခိုရာရသွားခဲ့သလိုမျိုး ။
အကြောင်းပြချက်မရှိ..။"အဲဒါ မင်းသွေးခရဲ့ အားနည်းချက်လေးလေ မင်းသွေးခ အရုပ်လေး' K စကားကိုကြားရချိန် သူဒေါသတွေ ထွက်လာခဲ့သည် ။
အကြောင်းပြချက်မရှိ..။
သွေးအေးတဲ့သူဟာ အကြောင်းပြချက်မရှိ.ထိုကောင်လေးနဲ့ ဆို ရန်တွေဖြစ်သည် ။မသိသောအရာတွေ စိတ်ရှည်လက်ရှည် ရှင်းပြဖြစ်သည် ။ အကြောင်းပြချက်မရှိ.။
မင်းသွေးခဆိုသည့် သူနှင့် K ဘာအငြိုးအတေးတွေမရှိမှန်း သေချာမသိခဲ့ပေမယ့် ထိုကောင်လေးရဲ့ အချစ်ကို၇ယူဖို့ စေခိုင်းတဲ့အခါသူတွေဝေမိသည် ။
ထိုကောင်လေးနာကျင်သွားမှာကို သူသိပ်ကြောက်နေသလို ။ထပ်ပြီးလှည့်ဖျားရမှာ စိုးရွံ့ နေသလို ။

YOU ARE READING
လေပြည်မရှိသောအရပ် Season.1 (Completed)
RomanceMy second story💜 (Chapter-1) တကယ်ဆို မင်းကိုကိုယ် လေပြည်မရှိသောအရပ်မှာ ထာဝရ ထားချင်ခဲ့တာမျိုး (Own Creation)