Part.13::ရင်မခုန်တတ်ပါ..။

41.2K 4.6K 452
                                    

Zawgyi::
..Part.13::ရင္မခုန္တတ္ပါ..။

ပြာလွင်သည်ကတဝက် အုံ့ မှုန်းသည်ကတစ်ဝက် စိတ်ကူးပေါက်ရာဖြစ်နေသော ကောင်းကင်ပြာသည် မိန်းမငယ်လေးရဲ့ အစိုးမရ စိတ်ကဲ့သို့ဖြစ်နေသည်..။ရူးနေလို့အဲလိုဖြစ်နေတာလားမသိ..။

တကယ်တော့ ကောင်းကင်ပြာလှနေသည်ဖြစ်စေ ၊ မလှသည်ဖြစ်စေ.. ကျောင်းအပြင်ဘက်..ဥယျာဉ်မှာသာ စုံညီပွဲသည်..ကျင်းပရမည်သာဖြစ်သည်..။ ပန်းပင်စိုက် ဝါသနာပါလွန်းသော.. ကျောင်းအုပ်ဆရာမကြီးသည်..

သူ့ပန်းပင်များအားမကြာခဏထုတ်ကြွားလေ့ရှိသည်။

အခုလိုမျိုး အချိန်အခါမှာဆိုလျှင်တော့ လေမုန်တိုင်းတိုက်လျှင်တောင်မှုမည်မဟုတ်ပေ..။လေဆင်နှာမောင်းဒဏ်အား

ပန်းနှင့်ပေါက်သည့်ပမာသဘောထားရင် သူ့ပန်းပင်များ ကြား မိဘများအားထိုင်ခိုင်းဦးမည်သာဖြစ်သည်..။

အရမ်းလှတာပဲနော်ချစ်လိုက်တာ..။ကြားလိုက်ရတဲ့အသံများကြောင့် ဖွေးဖွေးလှုပ်နေသည့် နှင်းဆီပန်းခင်းကြီးအားလှမ်းကြည့်မိသည်..ဘယ်နေရာများလှနေတုန်း. လူတွေကရူးကိုရူးတယ်..။

ကျောင်းဝင်းတစ်ခွင်အတွင်းတွင်တော့ စုံညီပွဲစည်းကမ်းအရ.. မိမိလူမျိုးအလိုက်ရိုးရာဝတ်စုံဝတ်ဆင်ရမည်ဖြစ်ရာ

ရိုးရာဝတ်စုံလေးများဖြင့်.. လှပကာအရွယ်ဂုဏ်လေးများဖြင့်နုနယ်ချစ်စဖွယ် ကျောင်းသားကျောင်းသူလေးများ ကျောင်းဝန်းထဲတွင်အနှံ့အပြားပင်.။.ထိုအထဲကမှ ငွေရောင်ပိုးအကျီကို မှောင်စွာသော အနက်လည်ကွက်ဖြင့် .စပ်ထားရင်း ပုဆိုးအနက်ဖြင့်...မဆန်းပြားသော်လည်း ထိုအဖြူအနက်ဝတ်စုံနှင့်ပင် ထင်ရှား လွန်းနေသူ။

ငွေဖြူရောင်ဆံပင်တွေကိုသေသပ်စွာ လှန်တင်ထားကာ အဆီတမျိုးမျိုးလိမ်းထားသဖြင့် ကြည်ရှင်းသန့်နေသောမျက်နှာ နှာတံသွယ်သွယ်မေးရိုးမကျတကျတွင် စိန်ပွင့်ပုံစံစူးရှသောမျက်ဝန်းတို့ကအညိုရောင်မျက်စံဖြင့် နှုတ်ခမ်းပါးထက်မှ ထင်းနေတဲ့မှည့်နက်လေးက ထိုမျက်နှာချောချောလေးကိုပိုမိုကြည့်ချင်စိတ် ပေါက်လာစေသည်..။ ယောက်ျား ဆန်စွာကြည့်ကောင်းလွန်းသည်

လေပြည်မရှိသောအရပ် Season.1 (Completed)Where stories live. Discover now