Part.19::ပြန်ဆုံဖြစ်ခဲ့ကြရင်

32.9K 4K 398
                                    

Zawgyi...

PART :19.::ပြန်ဆုံဖြစ်ခဲ့ကြရင်...

'' သူကဘာအတွက်လဲ K သူက ဘယ်သူလဲ ''

ဒါ ပထမဆုံးပဲ ။
သူ့ ညီ ထားပါတော့ သူ့ ညီဖြစ်သူ ခန့် ညားမောင်ဆီက လူတစ်ယောက်အကြောင်းကိုမေးလာခဲ့တာ ။

ခန့် ညားရှိန် သဘောတကျပြုံးမိသည် ။အချိန်က တစ်ချို့ အရာတွေကို တော့ ပြောင်းလဲဖို့ ရာမစွမ်းသာနိုင်ဟုထင်သည် ။ငါးနှစ်လုံးလုံး သူစိမ်းတစ်ယောက်ကို တစ်မိနှစ်ထက် ပိုကြာအောင် ကြည့်လေ့မရှိသောညီသည် နောင်ဆိုသည့်ကောင်လေးကိုတော့ မျက်တောင်မခတ်စိုက်ကြည့်နေပုံ ထောက်ရင်ပေါ့ ။

'' အားနည်းချက်လေ ညီ မင်းသွေးခရဲ့ အားနည်းချက် ''

လှည့်ကြည့်လာသော မျက်ဝန်းညိုများ

'' ကျနော် သွားပြီ K''

'' အင်း ညီ''

ထိုကောင်လေးကိုနောက်ဆုံးတစ်ချက်ကြည့်ပြီးလှည့်ထွက်သွားသည်နှင့် နောက်နားမှရပ်နေသည့် တပည့် ကျော်စိုး ကို အမိန့် ပေးလိုက်သည် ။

'' လိုက်သွား ကျော်စိုး ညီတစ်ခုခု မှတ်မိလာတာ ပြောင်းလဲလာတာတွေ့ ရင် ငါ့ကိုချက်ချင်းသတင်းပို့ ''

ဘယ်လောက်ပဲဆိုးရွားတဲ့ထိခိုက်မှုကြီးဖြစ်ပါစေ ။နောင်ဆိုသည့်ကောင်လေးကို မှတ်မိသွားနိုင်လောက်သည်
။သေမင်းကို အံတုခဲ့သည်အထိ ညီချစ်ခဲ့တဲ့ကောင်လေးဆိုတော့လေ ။ သူ့ ညီ ခန့် ညားမောင် ဒါမှမဟုတ် အရင်နာမည် စိုင်းရှန်ဟတ် လို့ ပဲပြောရမလား..။

ညီ့ ကိုစတွေ ခဲ့တာ ကောင်းသောတွေ့ ဆုံခြင်းမျိုး နဲ့ တော့မဟုတ်ခဲ့ ။

လွန်ခဲ့တဲ့ငါးနှစ်က ၂၀၁၀ ခုနှစ် ဇန်န၀ါရီလ လွန်ခဲ့သောငါးနှစ် ကယ်လီဖိုးနီးယားသို့ လေဆိပ်မှတစ်ဆင့်မသွားမီ မင်းသွေးခရဲ့ ဥယျာဉ်ကျယ်ကြီးဆီသွားဖို့ ခန့် ညားရှိန်..ဆုံးဖြတ်လိုက်သည်..။

"Mအဖွဲ့ကဟိုတနေ့ထဲကY နိုင်ငံ ကနေထွက်ခွာသွားပါပြီတဲ့''

အသိပေးသလိုပြောသည့် တပည့်ကျော်စိုး အား.ခန် ညားရှိန် ခေါင်းငြိမ့်အသိအမှတ်ပြုလိုက်သည်

လေပြည်မရှိသောအရပ် Season.1 (Completed)Where stories live. Discover now