🌿1🌿

3.4K 223 4
                                    

Unicode
New love again

                      🌿1🌿

        ကျွန်တော့်နာမည် ဂရင်း။ နာမည်အရင်းတော့ မဟုတ်ခဲ့ဘူးပေါ့။ ကျွန်တော့်မိသားစု ကျွန်တော့်ကို ကျွန်တော့်အသက်၁၀နှစ်အရွယ်မှာ အိတ်တစ်လုံးနဲ့ ထုပ်ပြီး အမှိုက်ပုံထဲ စွန့်ပစ်ထားခဲ့တာ။ ကျွန်တော် သတိလစ်နေတုန်း အမှိုက်ကားကြီးက အမှိုက်တွေကို ပင်လယ်ကမ်းနားက ချောက်ကြီးတစ်ခုထဲ သွန်ချလိုက်တဲ့အချိန် ကျွန်တော်လည်း ပင်လယ်ထဲ မျောပါသွားခဲ့တယ်။

       ကျွန်တော့်ဘဝကို နိုင်ငံခြားသား လူကြီးတစ်ယောက်က ကယ်ဆယ်ပေးခဲ့ပြီး ဂရင်းဆိုတဲ့ နာမည်ပေးခဲ့တယ်။ ကျွန်တော်က သူ့အတွက် ခြောက်သွေ့နေတဲ့ မြက်ပင်တွေကို စိမ်းလန်းလာစေတဲ့ ရေစက်ကလေးပါတဲ့။

       ကျွန်တော် နိုင်ငံခြားမှာ ပညာသင်ရင်း ကြီးပြင်းလာခဲ့တယ်။ အခုတော့ ကျွန်တော့်ကို နှိပ်စက်ပြီး စွန့်ပစ်ခဲ့တဲ့ မိသားစုကို လက်စားချေဖို့အတွက် အရင်ကနေခဲ့တဲ့ နိုင်ငံကို ကိုယ်ပိုင်လေယာဥ်နဲ့ ပြန်လာခဲ့ပြီလေ။ မကြာခင် တွေ့ကြမယ်နော်။

                                         ဂရင်း ဒိုင်ယာရီ။

        ကျွန်တော်ကတော့ ပန်းတိုင်သစ်။ အဟက် တကယ်တော့ ကျွန်တော်က ထောင်ထွက်တစ်ယောက်ပါ။ ကျွန်တော် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်ပြီး တက္ကသိုလ် ပထမနှစ်မှာ ချစ်သူကောင်မလေးတစ်ယောက် ထားခဲ့တယ်။ သူမက ချစ်ဖို့လည်းကောင်း၊ စိတ်ထားလည်းဖြူစင်တယ်။

       ကျွန်တော်က ဆင်းရဲတဲ့ သာမန်လူငယ်လေး။ ပြီးတော့ မိဘမဲ့ ။ သူမနဲ့တကယ် မလိုက်ဖက်ပေမယ့် ကျွန်တော်တို့ အရမ်းချစ်ခဲ့ကြတယ်။ ဒါပေမယ့် ကံကြမ္မာက ကျွန်တော်တို့ကို သဘောမတွေ့ဘူး ထင်ပါရဲ့။

       တစ်ညနေ သူမသင်တန်းတက်ပြီး ပြန်လာတော့ ကျွန်တော်သွားကြိုရတယ်။ လမ်းမှာ အမူးသမားတစ်သိုက်နဲ့ တွေ့ပြီး ရန်ပွဲဖြစ်သွားတာ သူမလက်လွန်ပြီး လူသတ်မိသွားတယ်။ ကျွန်တော်သူမကို အရမ်းချစ်တော့ သူမအစား ထောင်အကျခံလိုက်တယ်လေ။

       ကျွန်တော်ထောင်ထွက်လာတဲ့ အထိ သူမကျနော့်ကို စောင့်မယ်လို့ ထင်ထားပေမယ့် သူမက ထောင်ထဲကို တစ်ကြိမ်ပဲ လာတွေ့ပြီး ပျောက်သွားတယ်။ နောက်တော့ ကျနော့်သူငယ်ချင်းတစ်ယောက်က လာတွေ့ရင်း ပြောပြတော့ သူမက ချစ်သူအသစ်ရသွားပြီတဲ့။

New love again (Complete)Wo Geschichten leben. Entdecke jetzt