🌿14🌿

1.5K 166 1
                                    

Unicode
New love again

                     🌿14🌿

"အကျင့်ပုတ် ရင်း...."

"သစ်....."

       အသံတစ်သံကြောင့် သူလှည့်ကြည့်မိသည်။ လွန်ခဲ့တဲ့ နှစ်ပတ်ကျော်လောက်က ဘလူးဘားမှာတွေ့ခဲ့တဲ့ ရုပ်ဖြောင့်ဖြောင့်နဲ့ ဆုံမှတ်ဆိုသော လူပင်။ သူသည် နွေဦးသစ်လှည့်ကြည့်တာကို မြင်သောအခါ ပြုံးစစနဲ့ လျှောက်လာလေ၏။

       နွေဦးသစ် လျှောချထားသော ပိုးအိတ်ကိုပုခုံးတွင် ပြန်ချိတ်ဆွဲလိုက်ရင်း တစ်ဖက်လူသူ့အနား ရောက်လာမယ့်အချိန်ကို စောင့်နေသည်။ ဆုံမှတ်က နွေဦးသစ်ကိုကြည့်မြဲကြည့် ပြုံးမြဲပြုံးပြနေတော့ နွေဦးသစ်လည်း အားနာနာနဲ့ပဲ ပြန်ပြုံးပြလိုက်၏။

"ခင်ဗျားကိုး...."
"အင်း.... သစ်ဒီမှာ ကျောင်းလာတတ်တာလား"

"ဟုတ်တယ် အဲ့ဒီဂရင်းဆိုတဲ့ လူကြီးကြောင့်ပေါ့ မဟုတ်ရင် ကျွန်တော်မလာဘူး.... ကျွန်တော့်အရွယ်နဲ့ ဘယ်လိုလုပ် ကလေးတွေနဲ့ ကျောင်းပြန်တက်ရမှာတဲ့လဲ"

       နွေဦးသစ် မကျေမနပ် မျက်မှောင်ကျုံ့၍ ပြောနေသော ပုံစံလေးသည် ဆုံမှတ်၏မျက်လုံးထဲမှာတော့ တစ်မျိုးလေး ချစ်ဖို့ကောင်းနေသည်။ နွေဦးသစ်ကတော့ သူ့ပုံစံသူ သတိထားမိမည်တော့ မဟုတ်ချေ။ သူသည် အဝေးတွင်ရှိသော ကြီးမားသည့် လေးထပ်ကျောင်းဆောင်ကြီးကိုကြည့်ကာ စိတ်ပျက်မိသည်။

("ရင်း ငါ့ကိုတမင်ပထုတ်နေတာတော့ မဟုတ်ဘူးမလား")

"ဟူး......"
"သစ် ဘာလို့သက်ပျင်းချနေတာလဲ ဒီကျောင်းကကောင်းပါတယ် မတက်ချင်ဘူးလား"

"ဟုတ်တယ်...."
"ဒီကျောင်းမှာ မင်းထက်အသက်ကြီးတဲ့ သူတွေတောင်ရှိသေးတယ်... ကိုယ့်ကိုကိုယ် အားမလိုအားမရ ဖြစ်စရာမလိုဘူး ပြီးတော့ ကိုယ်ကဒီမှာ ဂီတဆရာ မင်းအကူအညီလိုရင် ကိုယ့်ကိုလာပြောလို့ရတယ်"

       နွေဦးသစ် မျက်လုံးအရောင်တို့ ပြောင်းသွား၏။

"ဂီတဆရာ?"
"အင်း....."

"စန္ဒယားတီးတတ်လား"
"ဒါပေါ့ သစ်သင်ချင်လို့လား"

"သင်ချင်တယ်... ကျွန်တော့်ကို သင်ပေးပါလား "
"ကောင်းပြီ ကျောင်းတက်ရင် ကိုယ့်ရဲ့ဂီတအခန်းမှာ ဖောင်လာဖြည့်နော် ကိုယ်မင်းကိုစောင့်နေမယ်"

New love again (Complete)जहाँ कहानियाँ रहती हैं। अभी खोजें